တဖြည်းဖြည်း နီးကပ်လာတဲ့ ကားမီးရောင် ...
ပြေးပေါက်မရှိတော့သော ကျယ်ပြန့်တဲ့ လမ်းမအလယ် ....*ဟန်ဘင်း ....*
တစ်ကယ်တော့ ပြေးပေါက်မရှိတာ မဟုတ်ပဲ .. သူကြောက်ရွံ့ကာ မပြေးနိုင်တော့ခြင်းသာဖြစ်၏။
*ငါနဲ့ သားလေးကို ကယ်ပါဦး*
__________________________________
"ဟာအို .... ဟာအို .... ကျွန်တော့် အသံကြားရလား? ဟာအို ...?"
နားထဲမှာ ကြားနေရတဲ့ တရစပ် ခေါ်သံကြောင့် ဟာအို မျက်လုံးတွေကို အားမရှိစွာ ဖွင့်လိုက်ပေမယ့် မျက်နှာကြက်မှ စူးရှတဲ့ မီးအလင်းရောင်ကြောင့် မျက်လုံးကို ပြန်မှိတ်လိုက်မိသည် ..
"ဟာအို ... ကျွန်တော့် အသံကြားရလား?"
ထပ်မေးလာတဲ့ အသံက ရစ်ခီ့ အသံမှန်း သူမှတ်မိလိုက်ပြီးနောက်မှာ ခေါင်းကို ဖြေးဖြေးချင်း ညိမ့်ပြလိုက်သည် ..
"ဒါဆို မျက်လုံးကို ဖြည်းဖြည်းချင်းပဲ ပြန်ဖွင့်ကြည့်ပါလား ဟာအို ..."
ထိုအခါမှ ဖြေးညှင်းစွာ ဖွင့်ကြည့်တော့ ပထမဆုံးမြင်လိုက်ရတာက စိုးရိမ်တကြီး ကြည့်နေသော ရစ်ခီ ... ထိုမှ တစ်ဆင့် သူနာပြု ဆရာမလေး ၂ ယောက် နှင့်အတူ ဂယူဘင်း ..
"ဟာအို .. ကျွန်တော့ကို သိလား?"
ဟာအို ခေါင်းညိမ့်ပြပြီးနောက် ရစ်ခီက ဂယူဘင်းဆီ လက်ထိုးပြရင်း သိလား ထပ်မေးလို့ သိကြောင်း ခေါင်းညိမ့်ပြမှ ရင်ထဲက အပူလုံး ကျသွားဟန်ဖြင့် ပြောလာခဲ့သည် ..
"ဟူး .... တော်သေးတာပေါ့ဗျာ"
ရစ်ခီ ကုတင် ခေါင်းရင်းဘက်ကို ကျောမှီထိုင်နိုင်သော အနေအထားရောက်တဲ့အထိ မြှင့်ပေးလာခဲ့သည်
"ရေနည်းနည်းသောက်လိုက်ဦး .. အာ ခြောက် နေမယ်ထင်တယ်"
ရေပိုက်ကို ပါးစပ်ထဲ ထည့်ပေးလာတော့ ဟာအို ဖြေးဖြေးချင်း စုပ်သောက်ပြီးနောက် ...
"ရစ်ခီ ... ကျွန်တော် ....."
ချက်ချင်းသတိထားမိသွားတာက ချပ်ရပ်နေသော သူ့ဗိုက် ......