2

1K 163 37
                                    

ဖျက်ချမယ်သာပြောနေတာ သားဖွားမီးယပ်ဌာနလဲရောက်ရော ဟာအို့မယ် ခြေဖျား လက်ဖျား အေးစက်ကာ ဘာလုပ်ရမယ်မသိ ..

"မောင်လေး အမျိုးသမီးကို ဆေးခန်းလာပြတာလား?"

ဘေးကအမက ပြုံးပြုံးရွှင်ရွှင်မေးလာတော့ ဟာအို ဖြေရခက်စွာနဲ့ ရယ်ပဲ ပြလိုက်တော့တယ် .. ဟာအို့ဘေးမှာ ဘယ်အမျိုးသမီးမှ မရှိနေပဲနဲ့လေ ...

"အမရောပဲလား?"

"အင်း .. အမက ရက်ချိန်းလေ .. ၅ လရှိပြီ"

"အိုး"

ဟာအို အာမေဍိတ်သံ ပြုမိတော့ ထိုအမက ရယ်လေသည် .. ထို့နောက်မှာ ထိုအမရဲ့ လက်ထဲ‌ကိုင်ထားတဲ့ ဓာတ်ပုံလေးကို ဟာအို စိတ်ဝင်စားမိသွားသည်...

"ဒါက ကလေးကို အာထရာဆောင်းရိုက်ထားတာလေ"

ဟာအို ကြည့်နေတာကို သတိထားမိသည့်အလား အမက ပြန်ဖြေလာသည် ..

"အာ ..."

"ကြည့်ချင်လား?"

ဟာအို အင်းမလုပ် , အဲမလုပ် လုပ်နေချိန်မှာ အမက ဓာတ်ပုံကို လက်ထဲ ထိုးပြလာသည် ..

"သေးသေးလေးနော် .. ဒါက ခေါင်းလေး .. ဒါလေးတွေက ခြေထောက်နဲ့လက်လေးတွေတဲ့"

ဟာအို ကလေးရဲ့ အာထရာဆောင်းပုံကို မြင်ရင်း ရင်ထဲ တလှပ်လှပ်ဖြစ်လာခဲ့သည် .. ဒီ သေးသေးလေးက ဗိုက်ထဲက ကလေးလေးဖြစ်တည်မှုတဲ့ ..

ဟာအိုက ဖျက်ချဖို့အတွက် ရောက်လာတာ မှန်ပေမယ့် ဒီဓာတ်ပုံလေးတစ်ခုဟာ ဟာအို့ စိတ်ကို ဝေဝါးစေခဲ့တယ် .. ဒါတောင် သူများရဲ့ ကလေးလေး ... သူ့ကလေးလေးပုံသာ ကြည့်ရလျှင် ..

"ကျန်း‌ဟာအို ဝင်လို့ရပါပြီ"

"ဟုတ်ကဲ့ .."

Nurse မလေးရဲ့ ခေါ်သံကြောင့် ဟာအို ပုံလေးကို အမဆီ ပြန်ပေးလိုက်ပြီး ဆရာမနဲ့တွေ့ရန် ဝင်လာခဲ့သည် ..

"ယောင်္ကျားလေးကိုယ်ဝန်ဆောင်ဖြစ်နေလို့ ကျွန်မတော့ အထူးအဆန်းပဲရှင်"

ဆရာဝန် ရဲ့ စိတ်လှုပ်ရှားစွာပြောလာတဲ့စကားမှာ ဟာအို ပြုံးပြလိုက်သည် ..

"ကျွန်တော်လဲ ဘယ်လို လက်ခံရမလဲမသိသေးပါဘူး"

"ကဲ .. ကျွန်မတော့ တအားစိတ်လှုပ်ရှားနေပြီ .. ဗိုက်လှန်လိုက်ပါဦး"

vihollinenTempat cerita menjadi hidup. Temukan sekarang