"ဟန် ... ဟန်ဘင်း"
တုန်လှုပ်စွာ ခေါ်မိတဲ့ အသံနောက်မှာ အလျင်အမြန် လုပ်လိုက်မိတာက ယူဂျင်းလက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိခြင်း..
"ကျွန်တော့်ကို သိတာလားဗျ?"
"အမ်?"
"Sorry ပါ .. ကျွန်တော်က accident တစ်ခု ဖြစ်ထားတော့ အတိတ်မေ့သွားတာလေ .. ဒါကြောင့် သိနေတဲ့သူ ဖြစ်မှာစိုး ..."
"မသိပါဘူး"
"အာ .. ဟုတ်"
ဖြတ်ပြောလာတဲ့ ဟာအို့ စကားသံမှာ တုန်ယင်မှုနဲ့ထိန့်လန့်မှု အပြင် ဝမ်းနည်းမှုပါ ရောထွေးနေသောအခါ ဟန်ဘင်း ဇဝေဇဝါ ဖြစ်သွားမိသည် ...
"ဒါဆို ခွင့်ပြုပါဦး"
ကလေးကို ချီကာ အလျင်အမြန် ကျောပေးထွက်သွားတဲ့ ကလေးလေး ရဲ့ ပါပါးဆိုသူကို ကြည့်ရင်း ဟန်ဘင်း ရင်ထဲ ငိုချင်လာသလို , အသက်ရှူမဝသလို ခံစားလာရမိပေမယ့် ဘာလို့ ဒီလို ဖြစ်နေမှန်း သူမသိ ...
"တာ့တာ"
သူ့အဖေ လည်ပင်းကို ဖက်ထားရင်း ပါးစပ်လေး လှုပ်ရုံ ပြောကာ လက်လှမ်းပြနေတဲ့ ကလေးလေးကို ဟန်ဘင်း ပြန် လက်လှမ်း ပြလိုက်သည်...
"ဆောင်းယူဂျင်း .. ဆောင်းဟန်ဘင်း"
ပါးစပ်က တိုးတိုးရေရွတ်မိတာက ကလေးလေး နဲ့ သူ့ရဲ့ နာမည်...
အမှန်တိုင်းပြောရရင် ဟန်ဘင်း ပြန်သတိရလာတဲ့အချိန် အဖေက ဟန်ဘင်းကို လက်ရှိအမျိုးသမီးနဲ့ လက်ထပ်ဖို့ ပြင်ဆင်နေတဲ့ အချိန် ကား accident ဖြစ်တယ်ပြောလို့ ဘာမှ မမှတ်မိတဲ့ ဟန်ဘင်းအတွက် အဖေ့ စကား နားထောင်ပြီး အမျိုးသမီး နှင့် လက်ထပ်ခဲ့တာ ဖြစ်သည် ....
သို့သော်ငြား ချစ်တဲ့စိတ်မရှိတဲ့အတွက်ကြောင့် တစ်ခါမှလဲ တူတူမနေဖြစ် , အခန်းသက်သက် ခွဲနေကြရင်း တနေ့လုံးနေမှ စကားတောင် ဖြောင့်ဖြောင့် မပြောဖြစ်ပေ ...
လက်ထပ်ပြီးတည်းက ဂျပန်ကို လွှတ်လိုက်တဲ့ အဖေက ဟန်ဘင်း ကိုရီးယားပြန်လာမယ်ဆိုတိုင်း အမြဲ တစ်ခုမဟုတ်တစ်ခု အကြောင်းပြပြီး ငြင်းနေကြ ...