3

1K 184 62
                                    

ငါ လူမှန်းသိတတ်စ အရွယ်မှာပဲ ငါ့မိဘတွေကွာရှင်းလိုက်ကြတယ် .. အမေက ငါ့ကို လှည့်တောင်မကြည့်ပဲ ထွက်သွားတာ ခုထိ သေလားရှင်လား မသိဘူး ..

မနက်ဆို ကုမ္ပဏီသွား .. ညဆို နောက်ကျမှပြန်လာတဲ့ အဖေကလဲ ငါ့အတွက် ချစ်ရတဲ့အဖေတစ်ယောက် ဖြစ်မနေခဲ့ဘူး...

ငယ်ငယ်ထဲက ခုထိ ငါဟာ တစ်ယောက်တည်း ကြီးပြင်းလာခဲ့တာကြောင့် ငါ့ဘဝကြီးက ပျင်းရိစရာတွေနဲ့ ပြည့်နေခဲ့တယ် .. 

ငါအထက်တန်းပထမနှစ်မှာ တရုတ်ကနေ ကျောင်းသားသစ်ပြောင်းလာခဲ့တယ် .. အစက အတန်းချင်းမတူလို့ သိပ်သတိမထားခဲ့မိပေမယ့် ထိုကျောင်းသားသစ်က ‌ဆရာ/ဆရာမ တွေနဲ့ ကျောင်းသား/ကျောင်းသူတွေကြား အတော်လေး လူပြောများနာမည်ကြီးတဲ့သူ ဖြစ်လာတာမို့ အနည်းဆုံး တစ်ခေါက်လောက်တော့ တွေ့ဖူးချင်ခဲ့ပေမယ့် တကူးတကကြီးတော့ လိုက်ရှာမနေခဲ့ဘူး ...

ကံတရားက ငါ့ကိုဖန်တီးပေးခဲ့ပါတယ် .. ကျန်းဟာအိုကို ကျောင်းရုံးခန်းလာခဲ့ဖို့အတွက် သူ့ကို လမ်းကြုံပြောခိုင်းလိုက်လေရဲ့ ..

ကျန်းဟာအိုတဲ့ ... နာမည်က တရုတ်လိုလို ကိုရီးယားလိုလို..

အခန်းရှေ့ရပ်ပြီး "ကျန်းဟာအို ဆရာမက ရုံးခန်းလာခဲ့ပါပြောတယ်" လို့ခေါ်လိုက်တော့ ဟန်ဘင်းကို လာခေါ်ပေးလို့ ကျေးဇူးပါ ဆိုပြီး ပြုံးပြသွားသေးတယ်..

ကျန်းဟာအိုကို လူတွေ ဘာကြောင့်သဘောကျကြလဲဆိုတာ ငါသိပြီ ...

အပြုံးက အတော်ဆွဲဆောင်မှုရှိတာကိုး။

ဒါပေမယ့် ဒီလောက်နဲ့ပဲ ငါသူ့အကြောင်း သိပ်စိတ်မဝင်စားဖြစ်တော့ဘူး ... သိချင်တဲ့သူကို တွေ့ပြီးပြီပဲဆိုတော့  ..

ကံကြမ္မာက ငါ့ကို ကျန်းဟာအိုနဲ့ ထပ်ဆက်သွယ်ပေးလာခဲ့တယ် ...

ငါ ကျောင်းလာတဲ့အချိန် ကျောင်းဝမရောက်ခင် ခပ်လှမ်းလှမ်းကနေ ကျန်းဟာအိုမိဘတွေ ဖြစ်ပုံရတဲ့ လူကြီးနှစ်ယောက်က ရယ်နေတဲ့ ကျန်းဟာအိုကို ခေါင်းပုတ်လိုက် ပါးလေးကိုင်လိုက် ဖက်လိုက်လုပ်နေတာမြင်ပြီး ငါနှာခေါင်းရှုံ့ခဲ့တယ် ...

vihollinenWhere stories live. Discover now