"ဟန်ဘင်း .. ငါ့ကို ရေနွေးစပ်ပေးပါဦး"
"ဟန်ဘင်း ... ငါ့ကို မာလာထန် အချို မှာပေး"
"ဟန်ဘင်း ... ဒါ မစားချင်ဘူး ... ဒါကြီးက အနံ့ဆိုးတယ်"
"ဟန်ဘင်း ... ငါနဲ့ ပန်းခြံထဲ လမ်းတူတူလျှောက်ရအောင်"
"ဟန်ဘင်း ... ပင်ပန်းတယ် .. ငါ့ကို ချီ"
စသဖြင့် ကိုယ်ဝန်ရင့်လာတာနဲ့အမျှ တစ်ခုပြီးတစ်ခု ဂျီကျလာတတတ်တဲ့ ဟာအို့ကို ဟန်ဘင်း စိတ်မခုပဲ အချစ်ပိုမိသည် .. သားလေးမွေးမယ်မှန်း သိပြီးနောက်မှာတော့ ဟာအို့ကို သင်တန်းပေးမသွားတော့ပဲ အိမ်မှာပဲ နားစေကာ သူနဲ့ ထပ်ကြပ်မကွာ ထားပြီး အလုပ်ကိုလဲ အိမ်မှာသာ ဖိုင်တွေယူပြီး လုပ်သည် ..
အဖေ့ကို စိတ်မချတာကြောင့်လဲ အနားကမခွာတာလဲ ပါတာပေါ့လေ .. ဟာအိုနဲ့ သားလေးကို တစ်ခုခု ထိခိုက်အောင် လုပ်ပစ်မှာ ဟန်ဘင်း မလိုလား...
မနက်ခင်းတွေမှာ အစားမစားခင် တစ်ခါအန် , အစားစားတဲ့အချိန်မှာလဲ ဟင်းနံ့ရတာနဲ့ တစ်ခါအန် .. ကိုယ်ဝန် စ ရတည်းက နှစ်ခြိုက်စွာ စားတတ်တဲ့ မက်မွန်သီးတောင် မစားနိုင်တော့တဲ့ ဟာအို့ကို ကြည့်ပြီး ဟန်ဘင်း စိတ်မကောင်း , သူသာ ဒီလို ခံစားမှုတွေ ဖြစ်လိုက်ချင်တဲ့ထိပင် ..
သို့ပေမယ့် ဟာအိုက ပြုံးပြုံးပင် ...
“သားလေးကို တွေးလိုက်ရင် အဆင်ပြေပါတယ်”
ဟု ဆိုပြီး အားမရှိစွာ ပြုံးပြတတ်သည်။ဟာအို့ ဗိုက်လေးဟာလဲ အတော်လေး ပူလာပြီ ဖြစ်ကာ ပစ္စည်း ပြုတ်ကျရင်တောင် ကုန်းမကောက်နိုင်တော့ပြီမို့ ဟန်ဘင်းက မိုးလင်း , မိုးချုပ် ဟာအို့ ဘေးနား နေပြီး ဟာအို လုပ်ချင်တာ မှန်သမျှ လုပ်ပေးကာ နေ့လည်စာ , ညစာ တွေကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သူ့ ဟော်တယ်က စားဖိုမှုးကို ချက်ခိုင်း စေသည် ...
အချိန်က ၉ နာရီခွဲသာ ရှိနေသေးပေမယ့် ဟာအိုကတော့ အိပ်ချင်နေပြီ .. ဒါပေမယ့် ဟန်ဘင်းက ခုထိ အလုပ်လုပ်နေတုန်းမို့ သွားလဲ မခေါ်ချင် ...
အိမ်ရှေ့ လှမ်းကြည့်တော့ ဟန်ဘင်းက တစ်စုံတယောက်နဲ့ ဖုန်းပြောနေပုံရပြီး ဆံပင်ကို စိတ်ရှုပ်စွာ ဖွနေတာမြင်တော့ ပိုအားနာရသည် .. ကြည့်ရတာ ဟန်ဘင်း အလုပ်မှာ အဆင်မပြေတာ တစ်ခုရှိမယ်ထင်ပါရဲ့ ...