ဒီအပိုင်းက Flashback တွေ များပါမယ်..
____________________________________
"မလိုချင်ဘူး ဒီအရုပ်ကို မလိုချင်ဘူးလို့!!!"
အသက် ၁၀ နှစ်အရွယ် ကလေးတစ်ယောက်ဟာ ဒေါသတကြီး အော်ဟစ်ရင်း Lego စက်ရုပ်ကို ပစ်ပေါက်လိုက်သော် အရုပ်မှာ မွစာကျဲသွားလေသည် ..
"သားလေးရယ် ... အရုပ်လေးက ဖေဖေဝယ်ပေးထားတဲ့ အကောင်းစား အရုပ်လေ .. ဘာလို့ ပစ်ပေါက်ရတာလဲ"
"မကြိုက်ဘူး .. သားအပိုင်ကို ဘယ်သူမှ ကိုင်တာ မလိုချင်ဘူး ... ဘေးအိမ်က ကောင် ကိုင်ထားပြီးသား အရုပ်ကို လာမပေးနဲ့ မဆော့ဘူး!"
"ကင်မ်ဂယူဘင်း !! မင်းကို စိတ်သဘောထား မသေးနဲ့လို့ ငါ ဘယ်နှစ်ခေါက် သင်ပေးရမလဲ ! မင်ဟွန်းလေးက ခနပဲ ယူကိုင်တဲ့ဟာကို ဒီလောက် ဖြစ်ပျက်မနေနဲ့လေ ..."
အဖေ ဖြစ်သူက ဒေါသထွက်ကာ ဆူနေပေမယ့် ဂယူဘင်းဟာ နည်းနည်းလေးတောင် ကြောက်လန့်နေခြင်းမရှိ ..
"အစတည်းက ပေးမကိုင်နဲ့လေ ... သားကို စိတ်သဘောထား သေးတယ် ပြောပြော ကြိုက်သလို ဖေဖေ ပြောနိုင်တယ် .. "
အဖေဖြစ်သူကို ပြန်တွေ့ပြီး နောက်မှာ အမေဖြစ်သူ ဘက်ကို လှည့်ကာ ..
"မေမေ အဲ့ အရုပ်ကို လွှတ်ပစ်လိုက်တော့ ..."
ပြောပြီးတာနဲ့ အခန်းထဲ ဒုန်းစိုင်းဝင်သွားတဲ့ ဂယူဘင်းကို ကြည့်ရင်း မိဘ ၂ ပါးမှာ သက်ပြင်းချမိသည် ...
ငယ်ငယ်လေးထဲက ဒေါသကြီးပြီး စိတ်မထိန်းနိုင်တဲ့ သားဖြစ်သူ ဂယူဘင်းကို ဘာလုပ်ပေးရမှန်းမသိ ... စိတ်ရောဂါကု ဆရာဝန် နဲ့ ပြတော့ စိတ်ရောဂါအထိတော့ မဖြစ်သေးပေမယ့် ဒေါသကြီးလာတဲ့အခါ စိတ်ကစဉ့်ကလျား ဖြစ်သွားနိုင်တယ်လို့ ပြောခဲ့တာမို့ ဂယူဘင်းကို အတော်လေး ဂရုစိုက်နေပေမယ့် ပြဿနာက ဖြစ်မြဲဖြစ်ဆဲ ...
သူ့ ခဲဖျက်ယူဖျက်မိလို့ ခုံပေါ်က တွန်းချလိုက်တာမျိုး , သူအရမ်းချစ်တဲ့ ဝက်ဝံရုပ်ပေါ် သေးထိုင်ပေါက်မိလို့ ပေါက်တဲ့ကြောင်ကို ကိုင်ပေါက်ပစ်တာမျိုး .., အခုလို ဘေးအိမ်က မိသားစုက မုန့်လာပေးရင်းနဲ့ ဆိုဖာဘေးမှာ ကျနေတဲ့ Lego အရုပ်ကို ကလေးက ကောက်ကိုင်ကြည့်မိလို့ ကလေးကို ဘာမှတော့ မလုပ်လိုက်ပေမယ့် အရုပ်ကို တစ်စစီဖြစ်အောင် ပစ်ပေါက်တာမျိုး ...