4

1K 180 45
                                    

"ဝှါး~~~"

မသိရင် အကြာကြိး အိပ်ပြီး အိပ်ရေးဝလာသလို ဟာအိုက ဝှါးခနဲသန်းကာ လက်ကို စောင်ပုံထဲကနေ အပျင်းကြောဆွဲဖို့ ကြံလိုက်ပေမယ့် ဆေးသွင်းထားတဲ့ ညာဘက် လက်ဖမိုး မှာ ဆူးခနဲ ဖြစ်ပြီး အောင့်တက်သွားလို့ အပျင်းကြောမဆန့်နိုင်ပဲ မျက်ရည်ဝဲသွားရသည် ..

ထိုအခါမှ သတိထားမိတာ သူက ဆေးရုံမှာဖြစ်ပြီး ဆောင်းဟန်ဘင်းရှေ့မှာ မေ့လဲသွားခဲ့တာကို သတိရသွားတော့သည် ..

"ဟား! Shit ... ဆောင်းဟန်ဘင်း သိသွားပြီလား?"

တိုးတိုးလေး ရေရွတ်နေမိတဲ့ ဟာအိုဟာ တံခါးဖွင့်သံကြားတာနဲ့ ချက်ချင်းပင် မျက်လုံးပြန်မှိတ်ပစ်လိုက်ပြီး အိပ်‌ချင်ယောင်ဆောင်ပစ်လိုက်သည် ..

"ဟာအို ... သတိရလာပြီလား?"

ဟန်ဘင်း ကြိတ်ရယ်လိုက်မိတယ် ... မျက်လုံးကို အတင်းစေ့စေ့မှိတ်ထားတဲ့ ကျန်းဟာအိုလေးက ကိုယ့်ကို ငတုံးများအောက်မေ့နေရော့သလား ..

"နိုးရင်လဲ ထတော့ကွာ ... ဗိုက်ထဲက ကလေးလဲ ဗိုက်ဆာနေလောက်ပြီ"

ကလေးအသံကြားတော့မှ အလန့်တကြား ထထိုင်ရင်း မျက်မှောင်ကြုံ့ကာ ကြည့်လာသည် ..

"ဘာပြောနေတာလဲ ဘယ်က ကလေးလဲ?"

"ဒါဆေးရုံပါ ဟာအိုရယ် .. ကိုယ်အကုန်သိပြီးပါပြီ"

ဟာအို မျက်လုံးများ အနည်းငယ် ဝိုင်းစက်သွားမိတယ် ထင်ရ၏။

သောက်ကျိုးနည်း ဒီဆောင်းဟန်ဘင်းက နူးညံ့နေပါရော့လား!

"သိပြီးလဲ မင်းနဲ့ မဆိုင်ဘူးမို့ ငါ့ကို ဒီတိုင်းလွှတ်ထားစမ်းပါ"

ဟန်ဘင်း ကုတင်ပေါ် တစောင်းတက်ထိုင်လိုက်တော့ တစ်ဖက်ကို ရွှေ့သွားတဲ့ ဟာအိုက သူ့အသားထိမှာကို မလိုချင်သလို ...

ဘယ်ရမလဲ .. လက်ကို အပေါ်က အုပ်ကိုင်ပစ်လိုက်တယ် ..

"ဘာကို မဆိုင်ရမှာတုန်း .. ဒီဗိုက်က ကိုယ်နဲ့ရထားတာလေ .."

ဟာအို လက်ဖျားတွေ ချက်ချင်း အေးစက်လာတာကို ဟန်ဘင်း ခံစားလိုက်ရသည် ..

vihollinenWhere stories live. Discover now