အပိုင်း - (၄၃)

1.1K 27 3
                                    

" မင်းအသိလား နေးနေး "

ဆိုင်အပြင်ဘက်ကိုငေးနေရင်း ဘေးနားကနေ မေးလာတဲ့မောရစ်ကြောင့် နေးနေး ခေါင်းညိတ်လိုက်သည်။

" ဟိုမှာရှိနေတုန်းက ကျောင်းတုန်းကစီနီယာလို့ပြောတယ် ... ဒါပေမယ့် ငါ မမှတ်မိဘူး မောရစ် "

" အို့ ... သူ့ပုံစံကြည့်ရတာ မင်းကိုစကားပြောနေတဲ့ပုံက အရမ်းရင်းနှီးမယ့်ပုံပဲ "

" မသိပါဘူး မောရစ်ရာ ... အာ . သူ့နာမည် ငါ့ကိုပြောတောင်ပြောမသွားဘူး "

တကယ်ကြီးလားဆိုတဲ့ပုံစံနဲ့ မောရစ်က မျက်လုံးပြူးပြတာကြောင့် နေးခေါင်းညိတ်ပြလိုက်ရင်း သောက်လက်စဖျော်ရည်ကို ကုန်သည်အထိသောက်ပြီး အပြီးသတ်လိုက်သည်။

" မောရစ် ... "

" အင်း . ပြော "

" ငါ နေ့လယ်ပိုင်းကျရင် အတန်းမတက်တော့ဘူး ... သွားစရာရှိလို့ "

" ဟမ် . မရဘူးလေ နေးနေး ... ဘယ်သွားစရာရှိလို့လဲ . အရေးကြီးလို့လား . နေ့လယ်ပိုင်းအတန်းချိန်မှာ ပရော်ဖက်ဆာ ပေးထားတဲ့ပရောဂျက်တွေ ထပ်ရမှာလေ "

အတန်းပျက်ရတဲ့ အကြောင်းအရင်းကိုမေးပြီး မောရစ်က နေးကို အသည်းအသန်တားလာသည်။ မောရစ်စကားကို နေးလက်ခံပေမယ့် နေးမှာလည်း ကိစ္စလေးတစ်ခု လုပ်စရာရှိနေတာမလို့ နေ့လယ်ပိုင်းတော့ အတန်းပျက်လိုက်ဖို့ ဆုံးဖြတ်ပြီးသားပင်။

" မင်းထပ်ပေးလိုက်လို့ရတာပဲ မောရစ် ... ပရော်ဖက်ဆာမေးရင် ငါ နေမကောင်းလို့ အိမ်ပြန်သွားတယ် ပြောပေးနော် "

" နေမကောင်းလို့လား နေးနေး ... အမ် . နေပါဦး . ကိုယ်လည်းမပူပဲနဲ့ "

နေးရဲ့နဖူးကိုစမ်းလိုက် ပါးကိုစမ်းလိုက်နဲ့ အပူချိန်တိုင်းရင်း အလုပ်ရှုပ်နေတဲ့မောရစ်ကြောင့် နေးပြုံးလိုက်ပြီး မောရစ် စိတ်မပူစေရန် ခေါင်းရမ်းလိုက်သည်။

" မဟုတ်ပါဘူး မောရစ်ရယ် ... ငါ့အသိအစ်ကိုဆီ သွားလည်စရာရှိလို့ ... သူက ပြန်တော့မှာဆိုတော့ သေချာနှုတ်ဆက်ချင်လို့ "

" ကျောင်းဆင်းမှမရဘူးလား "

" ကျောင်းဆင်းရင် နောက်ကျနေပြီလေ "

You've reached the end of published parts.

⏰ Last updated: May 02 ⏰

Add this story to your Library to get notified about new parts!

My Beautiful SPOUSEWhere stories live. Discover now