အပိုင်း - (၁၅)

4.1K 447 25
                                    

အဘွားကိုလိုက်ပို့ပေးပြီးတော့ ကျွန်းကြီးရဲ့ဈေးတန်းထဲကလမ်းဘေးဆိုင်တစ်ဆိုင်မှာ နေးတို့မနက်စာ,စားဖြစ်ကြသည်။ ဒုဥက္ကဌလိုဘီလီယံနဲ့ချီပြီးချမ်းသာတဲ့သူဌေးလောင်းက လမ်းဘေးဆိုင်မှာ အဆင်ပြေပြေစားသောက်နေနိုင်တာမြင်ရတော့ နေးစိတ်ထဲက မသိမသာလေးစားမိသေးသည်။

" အန်တီ... ကိုယ့်ကိုနောက်တစ်ပွဲလောက် "

ရှမ်းခေါက်ဆွဲတစ်ပွဲကုန်လို့ နောက်တစ်ပွဲထပ်ယူဖို့ပြင်နေတဲ့ဒုဥက္ကဌကို နေးစားနေရင်းကနေ မော့ကြည့်မိသည်။

" ပေပွကုန်ပြီ... ကလေးလား.. ဟက်! "

ခေါက်ဆွဲမျှင်ကို တူနဲ့ညှပ်ပြီးပါးစပ်ထဲထည့်နေရင်းက မော့ကြည့်လာတဲ့နေးလက်ျာက မူကြိုကလေးလေးနဲ့တူနေသည်။ နှုတ်ခမ်းနားတစ်ဝိုက်မှာ ပေကျန်နေတဲ့ဆီတို့ကို တစ်ရှူးနဲ့သုတ်ပေးမိတော့ မျက်တောင်တဖြတ်ဖြတ်ခတ်ရင်း နောက်ယို့သွားသည်။

" ရ. ရတယ်... ကိုယ့်ဘာသာကိုယ်သုတ်ယူပါမယ် "

" မရှက်ပါနဲ့ လူလေးရယ်... ဒီကျွန်းကိုက ဟန်းနီးမွန်းထွက်တဲ့စုံတွဲတွေလာလည်တာများလို့ အရီးတို့ကရိုးနေပြီ... ပြီးတော့ လူလေးကမိန်းကလေးတွေရှုံးအောင်လှနေတဲ့ဟာကို မင်းယောက်ျားက တုန်နေအောင်ချစ်တာ မဆန်းပါဘူးကွယ် "

" ဗျာ!!... အဟွတ်... အဟွတ်... ကျွန်တော်တို့က... "

" သူကအဲ့လိုပဲ အရှက်အကြောက်အရမ်းကြီးတယ် "

" အမလေး... မရှက်နဲ့... မရှက်နဲ့... "

ဆိုင်ရှင်အဒေါ်ကြီးက ပြောချင်ရာပြောပြီး အနောက်ထဲဝင်သွားသည်။ ဘေးမှာရှိနေတဲ့ဒုဥက္ကဌကို အံကြိတ်ကာ မျက်မှောင်ကြုတ်ပြီးကြည့်မိတော့ နေးကိုကြည့်မနေပေမယ့် ပါးချိုင့်တစ်ဖက်ပေါ်လွင်အောင် ပြုံးလျက်။

စားသောက်ပြီးတော့ ရိုးရာအလှတွေများပြားလှတဲ့မာဝေနီကျွန်းဘက်ကို ခရီးဆက်ဖို့ပြင်သည်။

" မာဝေနီကျွန်းဘက်ကိုသွားမယ့်မော်တော်လားမသိ "

" ဟုတ်တယ်ဗျာ့... ဘယ်နှစ်ယောက်စီးမှာလဲ "

မော်တော်ဆိပ်မှာရပ်ထားတဲ့ မော်တော်တွေကိုတွေ့တော့ မော်တော်မောင်းသူဖြစ်ပုံရတဲ့လူကို သိလိုရာမေးပြီး နေး အနောက်ကို လှည့်ကြည့်လိုက်သည်။ မျက်နှာက ပြုံးတုံ့တုံ့နဲ့ အနားကိုရောက်လာတဲ့ ဒုဥက္ကဌကို‌ကြည့်ရင်း နေးနှာခေါင်းရှုံ့လိုက်သည်။

My Beautiful SPOUSEWhere stories live. Discover now