အပိုင်း - (၂၃)

2.7K 300 15
                                    

~~ Last Christmas I gave you my heart ~~

ဆောင်းရာသီကာလ ခရစ်စမတ်ပွဲတော်လည်း နီးလာပြီမလို့ ဈေးဝယ်စင်တာထဲမှာ ခရစ်စမတ်သီချင်းသံက ခပ်တိုးတိုးလေး ပျံ့လွင့်နေသည်။ လျှန်က ဈေးဝယ်လှည်းကို မုန့်တန်းတွေကြားတွန်းရင်း အရှေ့ကနေ တွေ့ရာ‌မုန့်တွေ‌ အကုန်ကောက်ထည့်နေတဲ့ နေးနောက်ကို အမှီ‌လိုက်နေရသည်။

" နောက်တစ်ပတ်ထဲမှာ ကျောင်းတက်ရတော့မှာဆိုတော့ ဘာတွေလို‌ချင်သေးလဲ‌ နေး "

" အင်း ... ခဏနေကျမှ ပတ်ကြည့်မယ်လေ ကိုကို "

" အိုကေ "

မျက်လုံးလေးထောင့်ကပ်လို့ စဉ်းစားသလိုပြုပြီးမှ ပြန်ဖြေလာတဲ့နေးကိုကြည့်ရင်း လျှန်သဘောတကျ ပြုံးမိသည်။ ရှေ့ကနေ တောက်တောက်, တောက်တောက်နဲ့ သွားနေရင်း စားချင်သမျှမုန့်တွေကို အကုန်ဆွဲထည့်နေတာကြောင့် လျှန်တွန်းလာတဲ့ တွန်းလှည်းလေးလည်း ပြည့်လုနီးနီး ဖြစ်နေပြီဖြစ်သည်။

" အနွေးထည်တွေရော ဝယ်ကြမလား နေး "

" နေးမှာ အနွေးထည်တွေ အများကြီးပါလာတယ် ကိုကိုရဲ့ "

" မာဖလာရော "

" မာဖလာ‌လား ... မာဖလာတော့ ဝယ်မယ်လေ "

" အိုကေ ... ပြီးရင် သွားကြည့်ကြမယ်နော် "

မုန့်ဈေးတန်းရှိတဲ့နေရာကနေ လျှန်တို့က ဟင်းချက်စရာမျိုးစုံရှိတဲ့ ကုန်စိမ်းတန်းကို အရင်ကွေ့ပတ်လာခဲ့လိုက်သည်။ အိမ်မှာချက်စားကြဖို့ ဘာမှမရှိတာကြောင့် လိုအပ်တာမှန်သမျှကို လျှန်က ရွေးချယ်ဝယ်ယူတဲ့အခါ နေးကလည်း ဘေးကနေ တွန်းလှည်းကို ကူတွန်းပေးရင်း ငြိမ်ငြိမ်လေးလိုက်လာသည်။

" အမဲသားကြိုက်လား နေး "

" ဟုတ် "

" နံနံပင်ရော "

" နိုး ... "

ခပ်သွက်သွက်ပင် နေးက အငြင်းစကားဆိုတော့ ကိုကိုက သဘောတကျရယ်သည်။ ဟင်းချက်စရာ တစ်ခုချင်းစီကို ကောက်ကိုင်ရင်း ရွေးချယ်နေသည်။ နေးကတော့ တစ်ခုခုကို အာရုံစိုက်နေတဲ့ ကိုကို့ရဲ့အသွင်ကို ဘေးကနေ မသိမသာခိုးငေးလိုက် သိသိသာသာကြည့်လိုက်နှင့် အလုပ်များနေသည်။

My Beautiful SPOUSEOù les histoires vivent. Découvrez maintenant