အချပ်ပို

2.1K 251 6
                                    

" ရှား ကိုယ့်ကို နက်ခ်တိုင်လ်ချည်ပေးပါဦး... "

ခိုက်စကားကြောင့် အနွေးထည်ဝတ်နေတဲ့ရှားက ဝတ်လက်စကို ခပ်မြန်မြန်လက်စသတ်ရင်း ခိုက်အနားလျှောက်သွားလိုက်သည်။

" မင်းဘာသာမင်း ဘာမှမလုပ်တတ်တော့ဘူးလား... မျက်လုံးနှစ်လုံးပွင့်တာနဲ့ ရှား.. ရှားနဲ့ ငါ့နာမည်တောင် ငါမကြားချင်တော့ဘူး "

" မောင့်ရှားချည်ပေးတာကို လိုချင်‌လို့ပါကွာ... ဘာလဲ ငြိုငြင်တာလား... အချစ်ပေါ့တာလား "

" မင်းပဲပြောတတ်တယ် "

ရှားက ပါးစပ်ကသာ ပွစိပွစိပြောနေပေမယ့် လက်ကတော့ ခိုက်ရဲ့နက်ခ်တိုင်လ်ကို စနစ်တကျချည်ပေးနေတာဖြစ်သည်။

" လာခဲ့ . ကုတ်ပါတစ်ခါတည်းဝတ်လိုက် "

ကုတင်ပေါ်မှာချထားတဲ့ ရှားနဲ့ဆင်တူ အဖြူရောင်ကုတ်အင်္ကျီရှည်ကို တစ်ခါတည်းယူပြီး ခိုက်ကိုဝတ်စေလိုက်သည်။ ခိုက်ကလည်း ရှားကိုင်ပေးထားတဲ့ကုတ်ကို အလိုက်သင့်လက်လျှိုသွင်းပြီး ဝတ်လာတာကြောင့် မင်္ဂလာပွဲတက်ဖို့ ဝတ်စားဆင်ယင်မှုက အဆင်သင့်ဖြစ်သွားသည်။

" ကိုလျှန်တို့က သေချာစီစဉ်ပေးထားတာပဲ... suit တွေကလည်း ကိုယ်တို့နဲ့ ကွက်တိပဲ "

" ဟုတ်တယ်နော် "

မင်္ဂလာပွဲတက်ဖို့ ဧည့်သည်တွေကို ခေါင်းအစခြေအဆုံး စီစဉ်ပေးထားတဲ့ ကိုလျှန်တို့ မင်္ဂလာပွဲကုန်ကျစရိတ်ကတော့ နည်းမှာမဟုတ်။ တစ်သက်မှာတစ်မင်္ဂလာ ဆိုသလို ထောင့်စေ့လွန်းတဲ့ပြည့်စုံမှုတွေကြောင့် ခိုက်နဲ့ရှားမှာ အစစအရာရာကို သဘောကျနေရတော့သည်။

" ဖိနပ်ကို ကိုယ် စီးပေးမယ်... အဝတ်တွေကြေကုန်မှာစိုးလို့ "

" နေပါစေ... ငါ့ဘာသာငါပဲ စီးပါ့မယ် ... မင်းလည်း စီးရဦးမှာပဲကို "

" မရဘူး... မောင် စီးပေးမယ်... ရှားက ငြိမ်ငြိမ်လေးသာနေ "

ခိုက်က ညည်းညူသလိုလေးပြောရင်း ရှားကို ပခုံးကနေထိန်းကိုင်ကာ ကုတင်ခြေရင်းက ခုံလေးမှာ ထိုင်စေလိုက်သည်။

" ကဲ ပြီးပြီ... ခဏစောင့်ဦးနော်... ကိုယ်လည်း စီးလိုက်ဦးမယ် "

" ငါ ပြန်လုပ်ပေးမယ်လေ "

My Beautiful SPOUSEWhere stories live. Discover now