အပိုင်း - (၃၀)

2.2K 249 6
                                    

ကလင် ကလင် ကလင် ~~~

အချိန်ကိုက်စွာပင် ထမြည်လာတဲ့ ခေါင်းလောင်းသံကြောင့် နေးတို့အတန်းထဲ စာသင်နေတဲ့ဆရာက လက်စသတ်ရင်း နေးတို့ကိုနှုတ်ဆက်လို့ စာသင်ခန်းထဲက ထွက်သွားပြီဖြစ်သည်။

" နောက်တစ်ပတ်ကျရင် လေ့လာရေးခရီးလိုက်မယ်မဟုတ်လား နေးနေး ... ပိတ်ရက်လေ "

" သေချာတာပေါ့ မောရစ် ... ခုနတုန်းက အတန်းခေါင်းဆောင်ကို စာရင်းပေးခဲ့ပြီ "

" အိမ်ကခွင့်ပြုလား "

မောရစ်စကားကြောင့် ပစ္စည်းသိမ်းလက်စ နေးရဲ့လက်ကလေးတွေက အနည်းငယ်တွန့်သွားခဲ့သည်။ ကိုကို့ကို ခွင့်မတောင်းပဲ နေးသဘောနဲ့ လေ့လာရေးခရီးကို စာရင်းပေးခဲ့ပေမယ့် ကိုကိုခွင့်မပြုမှာကိုလည်း စိုးရိမ်ရသေးသည်။

" အိုး ... ဒီပုံအတိုင်းဆို ခွင့်ပြုဖို့မလွယ်ဘူးဟုတ် "

" အင်း ... အုပ်ထိန်းသူကို ခွင့်တောင်းရဦးမယ် "

" ကျစ်ကျစ် . အာရှသားတွေက အဲ့အချက်တွေ မမိုက်တာပဲ "

မောရစ်ပြောချင်တဲ့ အဓိပ္ပာယ်ကို နေး နားလည်ပါသည်။ အရွယ်ရောက်သည့်တိုင် ကိုယ့်ဆုံးဖြတ်ချက်အတိုင်း အလုံးစုံဆုံးဖြတ်ပြီး လွတ်လွတ်လပ်လပ် မပြုမူနိုင်သေးသည့်သဘောကို ဆိုလိုခြင်းဖြစ်သည်။

" မဟုတ်ပါဘူး... ကိုကိုက မချုပ်ချယ်ပါဘူး . ငါ့ကျန်းမာရေးကို စိုးရိမ်လို့ ဂရုစိုက်ပေးရုံပါ "

နေး က ဖြေရှင်းချက်အမြန်ပေးလိုက်တော့ မောရစ်ကို နေးကို နားမလည်သလို ကြည့်လာသည်။ 

" မင်းက နေမကောင်းဘူးလား . မင်းကိုကြည့်ရတာတော့ နေမကောင်းဖြစ်တဲ့သူနဲ့ မတူပါဘူး "

မောရစ်အပြောကြောင့် စာအုပ်ကိုလွယ်အိတ်ထဲထည့်နေရင်းက နေး ပြုံးလိုက်သည်။ 

" ဝိုး... နေးနေး မင်းကဒီတိုင်းနေလည်း လှတယ်ဆိုပေမယ့် ပြုံးလိုက်တော့ အရမ်းဆွိဖြစ်တာပဲ . အဲ့ဒါကြောင့် အတန်းခေါင်းဆောင်တို့အုပ်စုက မင်းကို အသည်းစွဲဖြစ်နေတာပဲ "

" ဒါတော့ မင်း နည်းနည်းပိုသွားပြီ . မောရစ်... အတန်းခေါင်းဆောင်ရဲ့သူငယ်ချင်းတွေက ငါနဲ့မိတ်ဆွေဖြစ်ချင်ရုံပါပဲ "

My Beautiful SPOUSEWhere stories live. Discover now