အပိုင်း - (၂၅)

2.4K 287 18
                                    

လျှန့်ရဲ့ အနက်ရောင်ပြိုင်ကားလေးက University of Galway ရှေ့မှာ ထိုးရပ်သွားသည်။ ကျောင်းရှေ့ရောက်သည်နှင့် လျှန်က နေးဘက်ကို ကြည့်လိုက်သည်။ မျက်ဝန်းကြည်တောက်တောက်လေးတွေနဲ့ တက္ကသိုလ်ဂိတ်ဝကို ကားထဲကနေ ငေးကြည့်နေသည်မို့ ပြုံးလိုက်ရင်း ထိုင်ခုံခါးပတ်ကို ဖြုတ်ပေးဖို့ပြင်ရင်း စကားစ,လိုက်သည်။

" ကိုယ်မှာတာတွေ မမေ့နဲ့နော် "

" အင်းး~~~~ "

" ဘာလဲ ကိုယ်ထပ်ပြောရဦးမှာလား "

သက်ပြင်းတစ်ချက်ချရင်း သံရှည်ဆွဲပြီး ဖြေလာတဲ့နေးကြောင့် လျှန်ထပ်မေးလိုက်သည်။

" နေ့လယ်စာစားချိန်ကျရင် ဖုန်းဆက်ရမယ်... ခေါင်းမူး၊ ခေါင်းကိုက်တာမျိုးဖြစ်ရင်လည်း ဆက်ရမယ်... နေလို့အဆင်မပြေရင်လည်း ဆက်ရမယ် . အမ်း ... ပြီးတော့ အကြောင်းတစ်ခုခုရှိတာနဲ့ ကိစ္စကြီးကြီး၊ သေးသေး ဘာမဆိုဖုန်းဆက်ရမယ် "

" ဘယ်သူ့ကိုဆက်ရမှာလဲ "

နှုတ်ခမ်းလေးလှုပ်စိလှုပ်စိနဲ့ စာအံသလိုရွတ်ပြနေတဲ့နေးကိုကြည့်ရင်း နဖူးလေးကို မနာအောင် လှမ်းထုရင်းမေးလိုက်တော့ လျှန့်ကို မျက်ဆံလေးလှန်ကြည့်လာသည်။ မသိသလိုနေပြီး မျက်ခုံးနှစ်ဖက်ပင့်ပြရင်း အဖြေကိုစောင့်နေတော့ တိုးတိုးလေးဖြေလာသည်။

" ကိုကို့ကို..... "

" တစ်ခုကျန်သေးတယ်... ဒါကတော့ အခုမှထပ်ပြီးတော့ တိုးလိုက်တာ "

" ဟင် . ဘာကိုလဲ "

" ကိုယ့်ကို သတိရရင်လည်း ဖုန်းဆက်ရမယ် "

" ..... "

လျှန့်စကားကြောင့် အဖြေပြန်မလာတော့ပဲ ခေါင်းငုံ့သွားတဲ့ နေးလက်ျာကို အသည်းယားစွာနဲ့ ရင်ခွင်ထဲထွေးပွေ့ထားချင်စိတ်ကို ကားစတီယာတိုင်ကို တင်းတင်းဆုပ်ကိုင်ရင်း ဖြေသိမ့်ထားရသည်။ ဘေးတစောင်းမြင်နေရတဲ့ အနေအထားကြောင့် စတော်ဘယ်ရီသီးလေးလို နီစွေးနေတဲ့ပါးနုနုလေးနဲ့ ရဲရဲနီနေတဲ့နားသယ်စပ်လေးက အကြိမ်ကြိမ်နမ်းရှိုက်ပြီး အခါခါလည်ပတ်ချင်စရာကောင်းသည်။

" ဟိတ် . ကောင်ကလေး ပြန်ဖြေဦးလေ... ကိုယ့်ကိုလွမ်းနေတာဆိုရင်လည်း ကိုယ်သိအောင်တော့ အသိပေးသင့်တယ်မလား "

My Beautiful SPOUSEWhere stories live. Discover now