အပိုင်း - (၂၈)

2.1K 253 8
                                    

ရှန်ခိုက်တို့အိမ်ရှေ့မှာ ကားပါကင်ထိုးလိုက်ပြီး ခြံဝင်းထဲကို ခြေလှမ်းကျဲကျဲနဲ့ လှမ်းလာခဲ့သည်။ ဒီရက်ပိုင်းထဲမှာ နှင်းမုန်တိုင်းရှိနိုင်ကြောင်း ကြေညာထားသည်မို့ နှင်းထုကလိုအပ်သည်ထက် ပိုပြီးသိပ်သည်းနေသည်။ အိမ်ရှေ့တံခါးကိုခေါက်လိုက်တော့ ဒေါက်တာကဖွင့်ပေးလာသည်။

" ဒေါက်တာ... နေး ~~ " " ရှူး... တိုးတိုး "

လျှန့်ကို လေသံလျှော့ပြောဖို့သတိပေးပြီး ဧည့်ခန်းတစ်နေရာကို မျက်နှာရိပ်ပြသည်။ ဒေါက်တာရှားမြတ် ညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ နှစ်ယောက်ထိုင်ဆိုဖာခုံပေါ်မှာ ခေါင်းလေးတစ်စောင်းမှီကာ ခွေခွေလေးအိပ်ပျော်နေတဲ့ လျှန့်ရဲ့ချစ်မဝအဆိုးအပေလေးကို တွေ့လိုက်ရသည်။ 

" အိပ်နေတာကြာပြီလား... ဒေါက်တာ "

" နာရီဝက်လောက်ပဲရှိဦးမယ်ထင်တယ်... ကျွန်တော်လည်း ညစာအတွက်လက်စသတ်ဖို့ပြင်နေတာ... ပြန်ထွက်လာတော့ နေးနေးက အိပ်ပျော်နေပြီ... ကိုဘုံလျှန် ရောက်လာပြီဆိုတော့ နှိုးလိုက်တော့နော်... ညစာစားတာ အရမ်းနောက်ကျရင် ကျန်းမာရေးအတွက် မကောင်းဘူး "

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ နေးလက်ျာဆီကနေ အကြည့်မရွေ့ပဲ ဒေါက်တာ့စကားကို လျှန် ခေါင်းညိတ်လိုက်သည်။ နေးရှိရာကို ခြေသံလုံလုံနဲ့ လှမ်းသွားလိုက်သည်။ 

" နေး ... နေး . ထတော့နော်... ကိုယ် ရောက်ပြီ ... ညစာစားရအောင် "

အိပ်မောကျနေတုန်း ခန္ဓာကိုယ်ကို ခပ်ဖွဖွလှုပ်နှိုးခံလိုက်ရတာကြောင့် နေး အိပ်နေရာကနေ နိုးလာသည်။

" ကိုကိုလား... "

" အင်း . ကိုယ်ပါ ... "

နေးမျက်လုံးတွေကို ပွတ်သပ်ပစ်လိုက်ရင်း ဘေးဘီကို ဝေ့ဝဲကြည့်မိ‌တော့မှသာ နေး ရောက်နေတဲ့နေရာကို သတိရမိတော့သည်။ ကိုကို့ကိုစောင့်နေရင်းနဲ့ ကိုကိုရှားမြတ်တို့အိမ်မှာ နေး အိပ်ပျော်သွားသည်။

" ဒီနေ့ ပင်ပန်းသွားတာလား ဟင် ~ ကိုယ့်ကိုစောင့်နေရင်း အိပ်ပျော်သွားတာဆိုတော့ "

My Beautiful SPOUSEWhere stories live. Discover now