Parts24Zawgyi

315 5 0
                                    

"မောင်"

"ဟင်း"
ခတ္တာဘေးတွင်ခပ်တွေတွေကလေးထိုင်နေသောကောင်မလေးကစာပွဲပေါ်တွင်သူမစာဖို့မှာပေးထားသောကြေးအိုးကိုလဲနည်းနည်းကလေးများမတိုထိပေ။မောင်ကအခုရက်ပိုင်းမျက်နှာကလေးကချောင်ကျသွားပြီးသူမနှင့်တွေ့ရင်တောင်စကားကိုသူကစပြောမှာသာပြန်ပြောတတ်သည်။လက်လွတ်ရမည်ဆို၍သာအကုန်လုံးကိုမျက်စိစုံမှိတ်ပြီးမသိသလိုနေနေရတာသိပ်ကိုပင်ပန်းလှသည်။

မှတ်ပုံတင်ထဲတွင်ပါသောသုဝတီမောင်ဆိုသည့်နာမ်စားကိုတွေ့သွားသည့်နှင့်မကသူကိုမောင်လို့သာခေါ်တော့သည်။သူစိတ်ထဲတွင်ဘဝင်မကျပေမဲ့တားလဲမတားဖြစ်ခဲ့ပေ။မကိုသူဖက်ကပဲချစ်သည်ဟုစပြောခဲ့သည့်အတွက်နာမ်စားတစ်ခုအတွက်နဲ့တော့ကန့်သတ်ပြီးမကိုစိတ်ဆင်းရဲမှုမပေချင်ပေ။ယောက်ျားသားတိုင်းရဲ့အကြိုက်ဖြစ်တဲ့မလိုမိန်းမမျိုးကသူကိုရွေးချယ်ခဲ့တော့သူကံကောင်းတာပဲလာသူမတွေးတတ်တော့ပေအခုချိန်မှာစိတ်ကအရမ်းရှုတ်ထွေးလွန်းနေသည်။

"မောင်ဘာဖြစ်နေတာလဲနေမကောင်းဘူးလာ"သူကောင်းမလေး၏နှဖူးသို့လက်တင်စမ်းဖို့လုပ်တော့ကောင်မလေးကသူလက်ကိုဖမ်းကိုင်ကာစာပွဲပေါ်သို့ပြန်ချပေးလာသည်။

"ကောင်းပါတယ်.....မ...အန်တီကြည်ပြာတို့အိမ်ကိုရောက်ဖြစ်သေးလာ"

မစီကနေကြည်နူးနေကောင်ရဲ့လာအဆင်ပြေရဲ့လာဆိုတာကိုသိရလိုသိရငြားမေးလိုက်​ခြင်းဖြစ်သည်။
သူမိသားစုနှင့်ကလေးလေးလို့ရီရီမောမောစကားတေပြောနေရင်လဲသူရောက်သွားသည်နှင့်ကြည်နူးကသူအခန်းထဲသို့ဝင်ဝင်ပြေးသွားတတ်သည်။သူလဲအပြစ်ရှိသလိုခံစားနေရသောကြောင့်အတင်းအကြပ်ကြီးတွေ့ဖို့မလုပ်ရဲပေ။ကလေးလို့သူအပေါ်မှာဆိုးနွဲ့တတ်ပြီးဗိုက်ဆာလျှင်သူအိမ်သို့ပြေးပြေးလာတတ်သောကြည်နူးကိုအရမ်းကိုသတိရသည်။ညနေဘက်တေသူတို့နှစ်ယောက်ဆိုင်ကယ်ပတ်စီးခဲ့တာတေအန်တီကြည်ပြာလိုက်ရိုက်လျှင်သူအိမ်သို့ပြေးလာပြီးသူကိုအကာကွယ်လုပ်တတ်ခဲ့တာကိုအခုမျသေမတတ်လွမ်းတတ်နေပြီ။ညဘက်တေလဲသူမှာတော်ရုံနှင့်အိပ်မပျော်အစားလဲကောင်းကောင်းမစာနိုင်နဲ့လွမ်းနာကြနေသလိုပင်မကိုဘေးမှာထာပြီးတစ်ခြားသူကိုလွမ်းနေရတာမပေါ်မတရားသလိုခံစားရပေမဲ့လဲသူမှမလွမ်းပဲမနေနိုင်တာ။

ကြွေ(Gl)ကြွေWhere stories live. Discover now