Parts19uni

979 44 0
                                    

"ငပျင်းမကမထသေးဘူးထင်တယ်.......လာပို့ပေးလို့အမကိုကျေးဇူးတင်ပါတယ်"

"အင်အိပ်တုန်းပဲ....တို့ကျေးဇူးတင်ဖို့မလိုပါဘူးကွယ်"

ခတ္တာမေဆိုသည့်အမျိုးသမီးစကားပြောပုံကပင်အေးဆေးလှသည်။အမြဲတမ်းရှပ်ပြာနေသောတစ်ယောက်သောသူနှင့်များအကွာကြီးကွာသည်။
မီးဖိုးခန်းထဲကနေချိုင့်ဆွဲကာထွက်လာသောနွယ်နွယ်ဦးကပါစပ်ကလဲပြောရင်ဆိုဖာခုံတွင်ထိုင်နေသောအမျိုးသမီး၏ဘေးခုံးတွင်ဝင်ထိုင်လိုက်ပြီးချိုင့်ကိုစာပွဲပေါ်တွင်တင်လိုက်သည်။

"ချိုင့်ထဲမှာမုန့်ဟင်းခါးပါတယ်အန်တီကြည်ပြာကငပျင်းမကိုမနက်စာကြွေးတော့မှာမဟုပ်ဘူနိုးလာရင်ဗိုက်ဆာပြီးအော်တော့မှာကြွေးလိုက်ပါအုံးအမ"

"အင်းပါ.....မင်းကအတော်ဂရုစိုက်တာပဲနော်"

"အား..အမကလဲဂရုစိုက်တာမဟုပ်ပါဘူးသူဗိုက်ဆာရင်အိမ်ရောက်လာပြီးလာအော်နေမှာဆိုလို့နားပူလို့"

"ထားပါ...ဒါနဲ့မင်းကတစ်ယောက်ထဲနေတာလာမိသားစုတေကရောမင်းနဲ့အတူတူမနေဘူးလာ"

"တစ်ယောက်ထဲပဲမိသားစုနဲ့နေရမှစိတ်ရှုပ်လို့တစ်ယောက်ထဲလာနေတာ"

"အင်း...ဒါနဲ့..မင်းတို့ကိုဒေါ်လေးအိမ်မှာတွေ့တုန်းကမမှတ်မိဘူးမဟုပ်လာ"

"အဲချိန်တုန်းက​တော့အမကိုတွေ့တော့တွေ့ဖူးသလိုပဲဘယ်မှာတွေ့ဖူးတာလဲဆိုတာကိုတော့မမှတ်မိဘူးဖြစ်နေတာ...အမကရောမှတ်မိလို့လာ"

"ဒါပေါ့..တို့ကဦးနှောက်ညဏ်ကောင်းတယ်လေ...တစ်ခြားသူတေလိုမှမဟုပ်တာ"

အမပြောရင်လဲခံရမှာပင်အန်တီကြည်ပြာအိမ်တွင်အမနှင့်စတွေ့တဲ့ကမြင်ဖူးတယ်ဆိုသည့်အသိသာရှိပြီးဘယ်မှာမြင်ဖူးတာလဲတော့လုံးဝကိုမမှတ်မိတာဖြစ်သည်။ဟိုတစ်နေ့ညကမှအမကိုင်လာသောပုဝါကိုမြင်သောကြောင့်သူစီးကပုဝါလုသွားသောအမိဆိုတာကိုမှတ်မိတာဖြစ်သည်။အမနှင့်စကားပြောကြည့်တော့လဲစကားပြောရတာအဆင်ပြေပါသည်။သို့သော်လဲအကြီးနှင့်စကားပြောနေလို့လာတော့မသိပေတစ်ခုခုကိုစကားအမှားပြောမိသွားမှာကိုစိုးရိပ်စိတ်သေးသေးလေးကဝင်လာမိသည်။သူမ မလိမ်းတမ်းသာဝန်ခံရလျှင့်စကားပြောရလွတ်လပ်ပြီးဘာကိုမှထိန်းပြီးမပြောတတ်တာကကြည်နူးနှင့်မှဖြစ်သည်။

ေႂကြ(Gl)ကြွေWhere stories live. Discover now