Ep11uni

1.6K 56 1
                                    

"လ်ာ"

လျာ၏ရင်ခွင်ထဲတွင်ခေါင်းလေးမှီကာထိုင်နေသောမမ၏ဆံနွယ်များကိုနှာခေါင်းနှစ်ဝင်သည်အထိနမ်းရှိုက်မိသည်။မနက်တိုင်းလျာကိုယ်တိုင်သီပြီးယူလာပေးသောခရေပန်းများကိုတယုတယနှင့်ပန်ဆင်ပေးတတ်သောမမကိုချစ်သည်။
မြဲတမ်းခရေပန်းရနံများနှင့်သင်းထုံနေသောမမ၏ဆံနွယ်ရှည်များကိုမြတ်နိုးသည်။

"ဟင်"

"မမသွန်း..လျာကိုအရမ်းချစ်တယ်နော်"

"လျာလဲမမကိုသိပ်ချစ်တယ်........အခုလိုမျိုး
မမနဲ့လူမသိသူမသိခိုးမတွဲချင်တော့ဘူးအားလုံးကိုအသိပေးလိုက်ချင်ပြီသိလာမမ"

ထိုသို့ပြောလိုက်တော့မမသည်လျာရင်ခွင်ထဲကနေထွက်ကာလျာနှင့်မျက်နှာချင်းဆိုင်ထိုင်ပြီးလျား၏လက်ဖဝါးတစ်ဖက်ကိုစုပ်ကိုင်လာသည်။

လျာလဲမမသွန်းကိုသိပ်ချစ်ပါသည်။စမြင်မြင်ချင်ထဲကရိုးရိုးရင်ရင်လေးနှင့်မမသွန်းကိုလျာမြတ်မြတ်နိုးနိုးနှင့်ချစ်ခဲ့မိသည်။လျာထက်၃နှစ်လောက်ကြီးတဲ့မမသွန်းကို၁နှစ်လောက်
ခက်ခက်ခဲခဲနှင့်လိုက်ပြီးမှရခဲ့တာဖြစ်သည်။ပြီးတော့မမသွန်းကိုတန်ဖိုးထားသည့်အတွက်လျာခိုးပြီးမတွဲချင်ပေမာမီကိုအသိပေးချင်သည်။အသိပေးရုံသာဖြစ်သည်မာမီသဘောတူတူမတူတူလျာစိတ်တ်မဝင်စားပေ။မာမီသဘောမတူလဲလျာကတော့မမသွန်းကိုလက်ထပ်မည်ဖြစ်သည်။

"ဘယ်လိုလုပ်ပြီးဖြစ်မှာလဲလျာလေးရဲ့...မမသွန်းဖက်ကမိဘတေကိုအသိပေးရတာကဘာမှမဖြစ်ဘူးလျာလိုအသိုင်းဝိုင်းကြီးထဲကမိန်းကလေးကတစ်ခြားမိန်းကလေးတစ်ယောက်နဲ့တွဲနေတာသာသိရင်ခွဲမှာသေချာတယ်လျာရယ်"

နှောင်းလျာကြွေနှင့်သွန်းရွက်ဝါတို့ချစ်သူဖြစ်နေသည်မှာ၂နှစ်နီးပါရှိပြီဖြစ်သော်လဲဘယ်သူကမှမသိသေးပေ။သွန်းဖက်ကမိဘတေကိုဖွင့်ပြောလိုက်လျှင်ပြောလာကြမည့်သူကဘယ်သူမှမရှိလျာမှာတော့မတူပေ။ဆွေးကြီးမျိုးကြီးဖြစ်သည့်လျာမာမီကသိပ်ကိုမောက်မာသည်ဟုကြားဖူးသည်။အငယ်ဆုံးသမီးသာမိန်းကလေးတစ်ယောက်နှင့်ချစ်နေပြီးထိုမိန်းကလေးကလဲဘာမှမရှိတဲ့အဆင့်တန်းကလာတာသာသိရင်သွန်းတို့နှစ်ယောက်ကိုခွဲမှာသေချာသည်။သွန်းကြောက်ပါသည်သွန်းလျာနှင့်ခွဲရလျှင်သေလိမ့်မည်။

ေႂကြ(Gl)ကြွေHikayelerin yaşadığı yer. Şimdi keşfedin