Parts1 uni

6.3K 106 3
                                    

"အလုပ်သွားတော့မလို့လာ..ကိုယ်လိုက်ပို့မယ်လေ"

"ရပါတယ်ကိုယ့်ဟာကိုယ်သွားလို့ရတယ်"

အဲဒီဖြစ်စဉ်ကတော့နေစဉ်ကြွေအလုပ်သွားတိုင်းကြုံနေရသောဖြစ်စဉ်တစ်ခုပါပင်။ကြွေအိမ်ကထွန်းသစ်စမိဘများ၏ကြောင်းလမ်းခြင်းကိုလက်ခံထားသောကြောင့်ကြွေအလိုက်ထိုက်သာပြောနေခြင်းဖြစ်သည်။ဘယ်နေ့ဘယ်ချိန်ယူရမယ်လို့အသိကြသတ်မှတ်ထားခြင်းမရှိလို့သာတော်တော့သည်။ထွန်းသစ်စသည်လူရှုပ်လူပွေတစ်ယောက်ပထမမယာကြီးနှင့်သမီးလေးတစ်ယောက်လဲရှိသေးသည်။ထိုသူ၏ဆိုးသွမ်းလာသောအကျင့်ဆိုးများကိုသီးမခံနိုင်သောကြောင့်ကွားရှင်းသွားသည်ဟုတော့ကြားရသည်။

"ဟဲ့ထွန်းသစ်စ...နင်ဘာတေလိုက်ရှုပ်နေပြန်ပြီလဲ"

ကြွေသူငယ်ချင်းနွယ်နွယ်ဦးသည်လမ်းထိပ်အသုတ်ဆိုင်ထဲကထွက်လာပြီးလက်တွင်
လဲအစုံသုတ်ထုတ်နှင့်မုန့်ဟင်းခါးထုတ်များကိုကိုင်ထားပြီးထွန်းသစ်စကိုလှမ်းအော်ပြီးကြွေတို့နားသို့အပြေးတစ်ပိုင်းရောက်လာသည်။

"ငါကဘာရှုပ်လို့လဲငါ့ဇနီးလောင်းကိုငါအလုပ်လိုက်ပို့မလို့လေမရဘူးလာ"

"ဘယ်သူလဲနင့်ဇနီးလောင်းကငါလဲမတွေ့မိပါလာ"

"ရူးကြောင်ကြောင့်လာလုပ်မနေနဲ့နွယ်နွယ်ဦးကိုယ့်လမ်းကိုယ်သွားရင်ကောင်းမယ်နော်"

"ကိုယ့်လမ်းကိုယ်သွားရမှာက...ထွန်းသစ်စဆိုတဲ့ငကြောင်နင်သွားရမှာနားလည်လာ"

"ဘာပြောတယ်..ငါကွာမင်းမိန်းမဖြစ်နေလို့ကံကောင်းတယ်မှတ်"

"ဘာလဲနင်ကဘာလုပ်ချင်လို့လဲလုပ်လိုက်လေသူသေကိုယ်သေပဲနော်....မှတ်ထားလိုက်ငါ့နာမည်နွယ်နွယ်ဦးဘယ်သူလုပ်တာကိုမှခံမဲ့လူစားမျိုးမဟုပ်ဘူး"

နွယ်နွယ်ဦးနှင့်ထွန်းသစ်စ၏စကားများသည်ရန်စကားများဘက်သို့ဦးတည်နေပြီဖြစ်သောကြောင့်ကြွေအမြန်တားမှဖြစ်တော့မည်။မနက်အစော်ပိုင်း၈နာရီသာရှိသေးသော်လဲလမ်းပေါ်တွင်တော့လမ်းသွားလမ်းလာလူတေကများပြားနေပြီးဖြစ်သောကြောင့်ကြွေအဦးလက်ကိုကိုင်လိုက်ပြီးထွန်သစ်စကိုထပ်မနှောက်ရှက်ဖို့ပြောရတော့သည်။

ေႂကြ(Gl)ကြွေWhere stories live. Discover now