Parts4uni

1.4K 48 0
                                    

ညစာထမင်းစားပြီးချိန်တွင်တော့နှောင်းဖွဲ့သည်အိမ်ရှိခြံစောင့်နှင်ကားဒရိုင်ဘာမှလွဲ၍ကျန်အလုပ်သမားများအားလုံးကိုဧည့်ခန်းသို့လာစေသည်။နှောင်းဖွဲ့အိမ်အတွက်တစ်ခုခုအမိန့်ထုတ်ချိန်တိုင်းခေါ်နေသောအစည်းဝေးလို့လဲပြောလို့ရသည်။

"အားလုံးပြောစရာရှိတယ်ဆိုတာထက်အသိပေးစရာရှိတာ.....သူနာမည်ကရွက်ဝါကြွေကျွန်မမနက်ကပဲလက်ထက်လိုက်တဲ့ကျွန်မဇနီးလို့ပြောရင်လဲမမှားပါဘူးသူကဒီအိမ်ရဲ့ထမင်းချက်တာဝန်ကိုယူလိမ့်မယ်"
ဧည့်ခန်းထဲရှိလူများအားလုံးနှောင်းဖွဲ့ကိုအံသြသကြီးကြည့်လာကြသည်။မမကြီးကမိန်းမတစ်ယောက်ကိုယူလိုက်တာကိုအံသြသလိုယူလိုက်တဲ့ဇနီးကိုလဲဘယ်လိုလုပ်ပြီးထမင်းချက်တာဝန်ကိုပေးရတာလဲအိမ်မှာလဲထမင်းချက်ဒေါ်ဝင်းရှိပြီးဘေးတွင်ကူလုပ်သောအညိုနှင့်အိမ်ရှေ့ဖက်သန့်ရှင်းရေးအတွက်မချိုလုပ်သည်။အပေါ်ထပ်မမကြီးတို့အခန်းနှင့်အောက်ထပ်ကဖွားဖွားကြီးအခန်းကအဝေကပဲလုပ်ရသည်အားလုံးကသူနေရာနှင့်သူရှိပြီးသားပင်။

ကြွေမျက်လုံးအဝိုင်းသားနှင့်ဘေးတွင်ထိုင်နေသောbossကိုကြည့်မိသည်။သူဒီအိမ်ကိုမထင်မှတ်ပဲရောက်လာတော့ဘာကိုမှမသင်ခဲ့ရ
ပေ။ကြွေမှထမင်းမချက်တတ်တာအိမ်မှာလဲမေမေကသူပဲအကုန်လုပ်တာကြွေဝင်ကူရင်တောင်မေမေကပန်ကန်လေးဆေးခိုင်းတာလောက်ပဲလုပ်ခိုင်းတာဖြစ်သည်။

ခုံး၏အလည်တွင်ထိုင်နေသောဒေါ်ရီရီစိုးမနေသာတော့ပေ။ထမင်းချက်အဝင်းကလဲသူမကိုအလုပ်ထုတ်မည့်အထင်နှင့်ဒေါ်ရီရီစိုးကိုသာမျက်နှာမကောင်းစွာကြည့်နေသည်။

"နှောင်းလေးရဲ့ဇနီးကိုထမင်းချက်တာဝန်ပေးရင်အဝင်းကဘယ်လိုလုပ်မတုံးကွယ်သူနေရာနဲ့သူပဲထားပါကွယ်..နှောင်းလေးရဲ့ဇနီးကိုအဖွားစိန်ဆိုင်မှာပဲအလုပ်လုပ်ခိုင်းလို့လဲရပါတယ်"

"အခုမှတွေ့တဲ့သူကိုအဖွားကဘယ်လိုလုပ်ပြီးယုံနေရတာလဲ..သူတို့မိသားစုဘယ်လောက်ငွေမက်လဲဆိုတာဖွားဖွားသိလာ..သူ့ကိုနှောင်းကပိုက်ဆံပေးထားရတာနှောင်းနေခိုင်းသလိုနေရမှပဲ"

ေႂကြ(Gl)ကြွေWhere stories live. Discover now