Ep15uni

1.2K 49 0
                                    

မမတို့အိမ်ရှေ့သို့လျာတို့ကားရပ်သည်နှင့်လျာကားပေါ်ကခပ်မြန်မြန်ပဲဆင်းကာ​ခြံရှေ့တွင်ရပ်လိုက်သည်။

"ထမင်းကိုတစ်ခါတည်းနဲ့ကြွေးရင်ဘယ်တော့မှမရဘူးရိုက်လိုက်ရမှစားဝင်တာထင်တယ်"

အိမ်ထဲမှကလေးလေးတစ်ယောက်ငိုလျှက်ထွက်လာပြီးအနောက်မှအမျိုးသမီးကထမင်းပန်ကန်ကိုင်ကာပါစပ်မှလဲတတွန့်တွန့်နှင့်ပြောနေပြီးလျာကိုမြင်တော့ကြောင်
ကြည့်သည်။

"ဒီမှာရှင့်မသွန်းရွက်ဝါရှိလာ"

လျာကထိုသို့မေးမှအမျိုးသမီးသည်လျာနားသို့လျှောက်လာပြီး

"သွန်းရွက်ဝါဘယ်သူတုန်းမရှိပါဘူး...အော်သိပြီးပထမအိမ်ငှားတေကိုပြောတာထင်တယ်သူတို့ပြောင်းသွားကြပြီးကျွန်မတို့ရောက်တာတောင်၁ပတ်ရှိပြီ

"သြ..ဟုတ်..ကျေးဇူးပါရှင်"လို့သာပြောပြီးလျာအမြန်ထွက်ခဲ့လိုက်သည်။ဘယ်ကိုပြောင်းသွားတာလဲလျာစီကိုလဲဖုန်းတစ်ချက်ကလေးမှမဆက်ပေ။သူ၁လကေျာ်ကျော်လောက်သွား​သောအချိန်အတွင်းဘာတေဖြစ်ခဲ့ကြလို့အိမ်ပြောင်းတဲ့ထိဖြစ်သွားရတာလဲ။လျာရင်လဲပူစိတ်လဲပူမိသည်။
"ဘာဖြစ်လို့လဲလျာ....မတွေ့ခဲ့ဘူးလာ"

ကားထဲရောက်ရောက်ချင်းအမ​ဖြစ်သူကိုမေးသည်ကိုပင်ခေါင်းပဲခါပြပြီးမမဖုန်းကိုသာအဆက်မပြတ်ခေါ်နေမိသည်။ဘယ်လိုခေါ်ခေါ်မရပေစက်ပိတ်ထားသည်ကိုသာပြောနေသောဖုန်းထဲကထိုမိန်းမ၏အသံကိုပင်ဒေါသဖြစ်မိသည်။မမတို့ပြောင်းသွားတဲ့အိမ်ကိုဘယ်သူများသိမလဲ.....ခေါင်းကိုခနအလုပ်ပေးမိတော့စဥ်းစားလို့ရသည်ကတစ်အိမ်ထဲသာအမဖြစ်သူကို
ထိုအိမ်သို့သာမောင်းခိုင်းလိုက်ရသည်။

*************
"အမကြည်ပြာ...အမကြည်ပြာ"

"ဘယ်သူတုန်းအော်မနေနဲ့ဝင်လာခဲ့"
လို့ကြည်ပြာကခပ်ကျယ်ကျယ်အပြင်သို့လှမ်း
အော်လိုက်သည်။သူမဗိုက်က၅လသာရှိသေးသော်လဲသူမကအနည်းငယ်ဝတော့ထထိုင်ရတာပင်ပန်းသည်။ရပ်ကွက်ထဲသို့သွားလျှင်​တောင်သူမယောက်ျားအလုပ်ကပြန်မှသွားတော့တာဖြစ်သည်။

"အဲ...လျာပါလာပြန်ရောက်​နေပြီလာ....လာထိုင်ပါအုန်း"

"ဒီနေ့မှပြန်ရောက်တာအမကြည်ပြာ...ဟို..ဒါနဲ့မမတို့အိမ်ကပြောင်းသွားကြပြီဆိုဘယ်ကိုပြောင်းသွားတာလဲအမကြည်ပြာ"

ေႂကြ(Gl)ကြွေWhere stories live. Discover now