Parts8uni

1.6K 50 0
                                    

"အေဝ"

နှောင်းဖွဲ့မီးဖိုခန်းသို့လျှောက်လာလိုက်ပြီးမီးဖိုခန်းအဝတွင်ရပ်ကာဒေါ်ဝင်းကိုဝိုင်းကူနေသောအဝေကိုခေါ်လိုက်သည်။

"ရှင်..မမကြီး"

"၁၀နာရီလောက်ကြရင်ကြွေကိုနိုးပြီးတော့ဆန်ပြုတ်နဲ့နွားနို့တိုက်လိုက်အုံးနော်"

"ဟုတ်ကဲ့"
ဟုပြောလိုက်တော့မမကြီးကထွက်သွားသည့်တိုင်အဝေစိတ်ထဲတွင်မတင်မကျဖြစ်နေသည်။ညကပဲအကောင်းကြီးရှိသောမမကြွေကအခုကျဖျားသွားတာလာ။အဝေစဉ်းစားခန်းဝင်နေချိန်ဒေါ်ဝင်းကအဝေလက်မောင်းကိုပုတ်ကာဖြစ်

"ဟဲ့အဝေဘာရပ်လုပ်နေတာဆန်ပြုတ်ချက်ဖို့ပြင်တော့လေ"

"ဒေါ်ဝင်း...မမကြွေကဘာဖြစ်နေလို့လဲညကပဲအဝေနဲ့အကောင်းကြီးစကားပြောနေတာကို"

"ညည်းတော်တော်တော်စပ်စုတာပဲသူဟာသူဘာပဲဖြစ်ဖြစ်ပေါ့...ညည်းလုပ်စရာရှိတာကိုသာလုပ်စမ်းပါအေး"

"ဟုတ်"
အဝေနှုတ်ခမ်းလေးဆူကာဖြစ်ဆန်းပြုတ်ပြုတ်ရန်လုပ်ရတော့သည်။
*************
၁၀နာရီအတိတွင်အဝေဆန်ပြုတ်နှင့်နို့တစ်ခွက်ပါသောဗန်းကိုကိုင်ကာအပေါ်ထပ်ကမမကြီးအခန်းထဲသို့ဝင်လာလိုက်သည်။အခန်းအလည်တွင်ရှိသောစာပွဲဝိုင်းပေါ်တွင်လင်ဗန်းကိုချကာကုတင်ပေါ်တွင်စောင်ကိုတစ်ကိုယ်လုံးအပြည့်ချုန်ကာအိပ်မောကျနေသောမမကြွေကိုအဝေနိုးရတော့သည်။

"မမကြွေထပါအုံး....မမကြွေ"

သိပ်မနိုးလိုက်ရပဲမမကြွေသည်မျက်နှာကိုရှုပ်တွကာဖြစ်နိုးလာသည်။

"အင်း..ဘယ်ချိန်ရှိပြီလဲအဝေ"

"၁၀နာရီရှိပြီ....ဒီမှာမမကြီးကဆန်းပြုတ်နဲ့နွားနို့လာပို့ခိုင်းလို့မမကြွေ"

"သူကရောအလုပ်သွားပြီပေါ့...ထားခဲ့လိုက်အဝေကြွေရေချိုးပြီးမှသောက်လိုက်တော့မယ်"

"ဟုတ်"ဟုဆိုကာအဝေကအခန်ထဲကထွက်သွားသည်။အဝေအခန်းထဲကထွက်သွားမှလည်ပင်းထိခြုံထားသောစောင်ကိုဖက်ခွားပြစ်လိုက်တော့ပေါင်ထိဖုံးနေသောသူရဲ့shirtအဖြူကိုဝတ်ပေးထားသည်။သူကခြေတံရှည်လက်တံရှည်ဆိုတော့သူဝတ်နေကြShirtအကျႌရဲ့လက်သည်ကြွေလက်ထက်ပင်ရှည်နေသေးသည်။

ေႂကြ(Gl)ကြွေWo Geschichten leben. Entdecke jetzt