Parts12uni

1.2K 42 2
                                    

နှောင်းလျာကြွေ+သွန်းရွက်ဝါ

"တော်ပြီမထည့်နဲ့တော့ဗိုက်အောက်လိမ့်မယ်"

ခနကမှဆိုင်ရှင်အန်တီကြီးလာချပေးထားသောအငွေ့တထောင်းထောင်းထနေသောရခိုင်မုန့်တီတစ်ပွဲနှင့်ဝက်သားကိုကြာဇံဲနှင့်ရောပြီးသုတ်ထားသောအသုတ်တစ်ပွဲ...မမရှေ့ကရခိုင်မုန့်တီပန်ကန်ထဲတွင်လဲငရုတ်သီးစိမ်းအနီများကိုဆိုင်ရှင်အဒေါ်ကြီးကသေးသေးလေးညှပ်ထည့်ပေးထားတာဖြစ်သည်။စာပွဲ၏အလယ်တွင်ချထားသောငရုတ်သီးအရည်ကိုလဲထည့်မယ်တကဲကဲလုပ်နေသေးသောကြောင့်လျာမှာဆွဲယူ၍ဘေးတွင်ထားလိုက်ရသည်။

"နည်းနည်းပဲထည့်မှာပါဆိုပေးပါ"

မျက်နှားလေးစူပုတ်ကာလက်ဝါးဖြန့်၍ချစ်စရာကောင်းအောင်တောင်းနေသော်လဲဒီတစ်ခါတော့အလိုမလိုက်နိုင်ပါ။မမတစ်ခုခုဖြစ်လျှင်သူပဲရင်ပူရမှာဖြစ်သည်။
"ငရုတ်သီးအစပ်တေစားများရင်ဗိုက်အောက်တတ်တယ်ဆိုတာကိုယ့်ကြောင့်ကိုယ်မသိတာလာ"

"အကြီးလေသံနဲ့လာပြောမနေနဲ့နော်..ဟွန့်"

လျာက​ေလသံခပ်မာမာဖြစ်ပြောလိုက်တော့ချစ်ရပါသောအမျိုးသမီးလေးကမျက်စောင်းလေးထိုကာတစ်ဖက်သို့မျက်နှာလှည့်သွားသည်။သူစိတ်ဆိုးသွားပါသည်ပေါ့။

"ချစ်လာ"

"ဘာဆိုင်လို့လဲ"

"ဆိုင်တာပေါ့..လျာကိုချစ်ရင်လျာချစ်တဲ့မမကိုလဲမမဂရုစိုက်ရမှာပေါ့နည်းနည်းလေးတောင်မှဘာမှအဖြစ်မခံနိုင်ဘူး"
ထိုသို့ပြောလိုက်တော့တစ်ဖက်သို့လှည့်နေသောချစ်စရာမျက်နှာလေးသည်ပြုံးတုံးတုံးဖြစ်သွားသည်။သူမှာရဲရဲလဲမပြုံးချရဲခုနကပဲအသံခပ်မာမာဖြစ်ပြောထားတော့အချော့ကလဲခံချင်နေသေးသည်။ဤသည်ကိုပင်အသဲတယားယားဖြစ်နေသောလျာမှာလဲမလွယ်လှချေ။ဖောင်းနေသောပါးလေးကိုကိုက်ပစ်ချင်လာသည်။
မမကလျာထက်အသက်ကြီးသော်လဲတစ်ခါတစ်လေးအရမ်းကလေးဆန်ပြီးချစ်စရာကောင်းသည်။လျာသိပ်မြတ်နိုးရသောအမျိုးသမီကိုတစ်နေ့ထက်တစ်နေ့......မဟုပ်သေးဘူးတစ်စက္ကန့်ထက်တစ်စက္ကန့်ကိုပိုပိုပြီးချစ်လာရသည်။
********************
ကြွေအိမ်ထဲကိုဝင်ဖူးသည်မှာတစ်ခါသာရှိသေးသည်။ပထမတစ်ခေါက်လာတာကကြွေကိုသူမိဘတေစီမှပိုက်ဆံကိုအပုံလိုက်ပေးပြီးဝယ်ခဲ့တာလာတောင်းရမ်းယူတဲ့သဘောမျိုးလာဘယ်လို့သဘောနှင့်ဆိုတာတော့နှောင်းဖွဲ့ကိုယ်တိုင်လဲမသိခဲ့ပေ။အခုကြွေအိမ်ထဲကိုဝင်တာကတော့ကြွေ၏ပိုင်ဆိုင်သူအနေနှင့်ဝင်ခဲ့သည်ကိုသေချာသည်။

ေႂကြ(Gl)ကြွေWhere stories live. Discover now