Parts23Uni❤

1.3K 66 3
                                    

"ထမင်းစားဖို့ပြင်ပေးရအုံးမလားမမကြီး"

နှောင်းဖွဲ့အိမ်ထဲသို့ဝင်လာတာကိုမြင်သည်နှင့်အဝေကနှောင်းဖွဲ့နားသို့ရောက်လာပြီးမေးသည်။

"မပြင်နဲ့တော့ငါစားခဲ့ပြီးပြီ...နင်လဲသွားအိပ်တော့"

"ဟိုမမကြီး...ဖွားဖွားကြီးမအိပ်သေးဘူးဧည့်ခန်းထဲမှာမမကြီးကိုစောင့်နေတယ်"

အဝေရဲ့စကားကြောင့်နှောင်းဖွဲ့နံရံတွင်ကပ်ထားသောနာရီစီအကြည့်ရောက်မိတော့ည၉နာရီခွဲနေပြီဖြစ်သည်။ဖွားဖွားကအရင်ဆို၇နာရီထိုးတာနှင့်ဘုရားဝတ်ပြုပြီးအိပ်တော့တာဖြစ်သည်။အရေးကြီးပြောစရာရှိလို့သာမအိပ်ပဲစောင့်နေတာဖြစ်မည်။သူဧည့်ခန်းထဲသို့ခြေလမ်းကြဲများဖြစ်ဝင်သွားလိုက်သည်။

ဧည့်ခန်းထဲတွင်ထိုင်နေသောဖွားဖွားကလက်တွင်ဘုရားပုတီးကိုစိပ်နေပြီးမျက်လုံးကိုမှိတ်ထားကာပါစပ်ကလဲဘုရားစာကိုရွတ်နေသည်။

"ဖွားဖွားနှောင်းရောက်ပြီး"အသံပြုရင်းဖွားဖွား၏ဘေးခုံတွင်ဝင်ထိုင်လိုက်သည်။ဖွားဖွားကသူကိုခေါင်းငြိမ့်ပြပြီးကျွန်းသားဖြစ်ပြုလုပ်ထားသောစာပွဲခုံးပေါ်တွင်ပုတီးစိပ်ကိုတင်ကာသူကိုကြည့်လာသည်။

"နှောင်းလေးတို့ရန်ဖြစ်ထားကြတာလာ"

"မဖြစ်ပါဘူးဖွားဖွား..ဘာဖြစ်လို့လဲ"

"အဝေကပြောလို့ကြွေးလေးမျက်နှာမကောင်းဘူးတဲ့ပြီးတော့ညစားလဲဆင်းမစားလို့ပါဒါကြောင့်ဖွားကစိုးရိပ်လို့မေးကြည့်တာ....အကယ်၍နှောင်းတို့ရန်ဖြစ်ထားကြရင်လဲကြွေလေးကိုပြစ်မထားနဲ့ကြားလာကြွေလေးကနှောင်းမျက်နှာနဲ့ဒီအိမ်မှာလာနေနေတာနှောင်းကမျက်နှာကိုတင်းမာပြီးစကားမပြောရင်စိတ်အားငယ်သွားလိမ့်မယ်နားလည်လာဖွားဖွားပြောတာ"

"နှောင်းပြစ်မထားပါဘူးဖွားဖွားရယ်ဖွားဖွားစိတ်ထဲမှာဘာမှမထားပါနဲ့...ညနက်နေပြီးဖွားဖွားအိပ်ချိန်တောင်ကျော်နေပြီးနှောင်းဖွားဖွားခန်းထဲလိုက်ပို့ပေးမယ်နော်"

နှောင်းဖွဲ့အဖွားဖြစ်သူကိုအခန်းထဲသို့ပို့ပေးခဲ့လိုက်ပြီးအပေါ်ထပ်သို့ပြေးတက်လာလိုက်သည်။ညစာတောင်ဆင်းမစားနိုင်ရအောင်သူအိမ်သူလေးကဘာတေများဖြစ်နေလို့ပါလိမ့်။သူစိတ်ပူစိတ်ဖြစ်အခန်းတံခါးကိုအလျင်းအမြန်ဖွင့်ဝင်လိုက်ချိန်မြင်လိုက်ရသောမြင်ကွင်းကသူကိုစွံ့အသွားစေသည်။အခန်းမီးကိုဖွင့်မထားပဲကုတင်းဘေးကမီးအိမ်ကိုသာဖွင့်ထားသောမီးရောင်ဖျော့ဖျော့အောက်တွင်လှနေသောကောင်မလေး။မြန်မာဝမ်းဆက်ကိုသာအမြဲဝတ်ဆင်တတ်သောကောင်မလေးကပေါင်လည်လောက်သာရှိသောဖဲသားညအိပ်ဝတ်dressအနီရဲရဲလေးကိုဝတ်ဆင်ထားပြီးလက်တွင်ဝိုင်ခွက်ကိုင်ထားကာကုတင်ခြေရင်းတွင်
ခြေချိတ်၍ထိုင်နေသည်။မီးရောင်မှိန်ဖျဖျအောက်တွင်မြင်နေရသောခပ်ရဲရဲဒူးဆစ်နှင့်ဖြူဖွေးပြီးသွယ်လျသောခြေတလုံး၊အနီးရောင်dressလေးကလက်တစ်လုံးကြိုးလေးဖြစ်ပြီးမြင်နေရသောလက်မောင်းသေးသေးလေးနှင့်လည်ပင်းညှောင်းရိုကလဲအထင်းသားမြင်းနေရပြီးခပ်ရိပ်ရိပ်ကလေးမြင်နေရသောရင်နှစ်မွှာကိုအကြည့်ရောက်မိတော့နှောင်းဖွဲ့တံထွေးတို့ကိုဂလုခနဲမြည်အောင်မြိုချလိုက်မိသည်။

ေႂကြ(Gl)ကြွေWhere stories live. Discover now