Parts22uni

1.1K 58 8
                                    

"ညကနေးမကောင်းဘူးလို့ပြောပြီးဘာလို့လာတာလဲမတော့လေ"

ကြည်နူးနှင့်တွေ့ပြီးတဲ့ကသူစိတ်တေအဆင်မပြေတော့တာဖြစ်သည်။မနှင့်ဖုန်းပြောလိုက်ရင်များအဆင်ပြေသွားမလားဆိုသည့်အတွေးကြောင့်ညကမနှင့်ဖုန်းပြောခဲ့သေးသည်။သို့သော်လဲစိတ်ကကြည်နူးစီပဲရောက်ရောက်နေပြီးမကလဲနေမကောင်းနေတော့vcနှင့်ခနသာပြောဖြစ်ပြီးဖုန်းချလိုက်ရသည်။အခုလဲမျှော်နေသူကတစ်ယောက်ရောက်လာတာကတစ်ယောက်ဖြစ်နေသောကြောင့်သူရဲ့လေသံကတောင်ခပ်မာမာဖြစ်သွားရသည်။

မနက်တဲ့ကအလုပ်မသွားဖြစ်သူအိမ်တွင်ပဲနေနေခဲ့တာဖြစ်သည်။သူစိတ်အာရုံထဲတွင်ထပ်ခါထပ်ခါမြင်ယောင်နေမိသည်ကသူရှေ့တွင်ငိုနေခဲ့သောကြည်နူးမျက်နှာ၊သူကိုချစ်တယ်လိုတစ်ဖွဖွပြောနေခဲ့သောကြည်နူးရဲ့အသံတေကလဲနားထဲကမထွက်ပေ။ကြည်နူးတို့အိမ်ကမနက်၁၀နာရီတွင်ပုံမှန်ပို့နေကြဟင်းချိုင့်ကိုလဲကြည်နူးကိုယ်တိုင်လာပို့မည်ဟုထင်ခဲ့သော်လဲမဟုပ်ခဲ့ပေအန်တီကြည်ပြာကမျက်နှာမကောင်းစွာနှင့်လာပို့သွားခဲ့တာဖြစ်သည်။သူကလဲကြည်နူးအကြောင်းကိုပင်မမေးမိခဲ့ပေ။

မျက်နှာကြီးကိုစူပုတ်ကာခတ္တာလက်ထဲကအထုတ်တေကိုလက်လွဲယူကာအိမ်ထဲသို့ဝင်သွားသောကောင်မလေးကိုကြည့်ပြီးပြုံးမိသည်။ညကရေချိုးနောက်ကြပြီးခေါင်းပါလျော်လိုက်မိတော့လူကအအေးပတ်ချင်သလိုနှင့်နေလို့ထိုင်လို့မကောင်းဆေးသောက်ရတာအင်မတန်ကြောက်သောခတ္တာအကြောင်းကိုသိနေသည့်အလားဖုန်းပြောနေရင်းကပင်vcဖြစ်ပြောင်း​ခေါ်ကာသူရှေ့တွင်ဆေးသောက်ခိုင်းသည်။အကြီးကိုအကြီးပြန်လုပ်နေသောကောင်မလေးကသူကိုစိတ်ပူနေတာကိုတွေးမိတော့​​ကြံဖန်ပျော်ရသေးသည်။

"အိုကွယ်တို့နေကောင်းနေပါပြီ...မင်းကိုဟင်းချက်​ကြွေးမယ်လို့ပြောထားတာကိုတို့ကတိတည်ရမှာပေါ့ကွယ်"

"မကိုတော့လေဘယ်လိုမှကိုမနိုင်တော့ဘူး...အခုကရောဘာတေဝယ်လာတာလဲကြာမဲ့ဟင်းဆိုရင်မချက်နဲ့တော့"

"မကြာပါဘူးတို့ကိုကူမဲ့မင်းလဲရှိနေတာပဲ......မင်းမျက်နှာကြီးပုတ်ထားရင်တို့စိတ်မပျော်ဘူးကွယ်တို့ကိုပြုံးပြပါအုံး"

ေႂကြ(Gl)ကြွေWhere stories live. Discover now