parts5uni❤❤waringပိစိလေးပါပါတယ်

1.9K 51 1
                                    

အပေါ်ထပ်ကအခန်းထဲတွင်တော့မီးများကလင်းထိန်နေသည်။နှောင်းဖွဲ့သည်ကုတင်ခေါင်းရင်းကိုခေါင်းအုံးဖြစ်ခံ၍ကျောမိကာအခန်းတံခါးနားတွင်အခုထိမတ်တပ်ရပ်၍ဟိုဟိုဒီဒီကြည့်၍တွေးစစဖြစ်ရပ်နေသောကြွေကိုစိုက်ကြည့်နေလိုက်သည်။နှောင်းဖွဲ့ရဲ့အကြည့်ကိုကောင်မလေးသတိထားမိသွားသည်နှင့်ခေါင်းကိုအတင်းငုတ်ချကာလက်သေးသေးလေးနှစ်ဖက်ဖြစ်ပွတ်သပ်နေသည်။တကယ်ပါပဲကွာဒီကောင်မလေးကတော့

"ဘာရပ်လုပ်နေတာလဲလာအိပ်လေ"

"ဘယ်..ဘယ်မှာအိပ်ရမှာလဲဟင်း...အောက်..အောက်ရမှာလားဟင်း"

"မင်းကအခုငါတရားဝင်ယူထားတဲ့ငါ့မိန်းမလေငါနဲ့တူတူမအိပ်လို့မင်းကအောက်မှာဘာကိစ္စနဲ့အိပ်ရမှာလဲ..လာအိပ်ငါ့ဘေးမှာ"

"ဖြစ်..ဖြစ်ပါ့မလားကြွေအောက်မှာအိပ်..ခ်..ချပေးပါ"

"ချပေးမှာမပူနဲ့"

ကြွေနားသို့လေတိုက်သလိုရောက်ချလာသောbossကကြွေကိုဒူးခေါင်းကွေးမှလက်ရှိုကာကောက်ပွေ့ပြီးမျက်နှာတည်ကြီးနှင့်ပြောလာbossရဲ့စကားကကြွေကိုထိန့်လန့်စေသလိုရင်လဲအင်မတန်ခုန်စေသည်။
နှစ်ယောက်အိပ်မွေ့ရာအလယ်သို့ရောက်မှချပေးလိုက်သည်ကကြမ်းကြမ်းတမ်းတမ်းပြစ်ချလိုက်ခြင်းမျိုးမဟုပ်သော်လဲအရမ်းကြီးလဲနူးညံညင်သာမနေပါ။ရှည်လျားသောဆံနွဲများကိုစီးနှောင်ထားသောအမဲရောင်ခောင်းစီးကိုနှောင်ဖွဲ့ဖြုတ်ပေးနေသည်ကိုသူမကအငေးကြည့်နေသည်။သော
နှောင်းဖွဲ့ကြွေ၏ကိုယ်ပေါ်တွင်အုပ်မိုးကာထမိန်းဝတ်ထားသောကောင်မလေး၏ပေါင်လုံးလေးနှစ်ဖက်ကြားထဲသို့နှောင်ဖွဲ့ခြေထောက်တစ်ဖက်ကိုတိုးဝင်လိုက်သည်။နှောင်ဖွဲ့ရင်ဘတ်ကို
တွန်းထားသောလက်သေးသေးလေးနှစ်ဖက်ကိုနှောင်းဖွဲ့လက်ကောက်ဝတ်မှဆုတ်ကိုင်ကာမွေ့ရာတွင်ဖိချထားလိုက်သည်။
မျက်လုံးဝိုင်းဝိုင်းကလေးများကနှောင်းဖွဲ့ကိုမကြည့်ပဲဟိုဖက်ဒီဖက်ကြည့်ကာအကြည့်လွဲနေသေးသည်။ပါးမို့မို့လေးနှင့်လုံးနေသောနှာထိပ်ဖျားလေးကရဲနေပြီပန်းရောင်ပြေးနေသောနှုတ်ခမ်းသို့အကြည့်ရောက်စဉ်ထိုကောင်မလေး၏ပေါင်နှစ်ခုအလည်တွင်ရှိသောနှောင်ဖွဲ့ခြေထောက်ကိုအပေါ်သို့ပွတ်ဆွဲလိုက်မိသည်။တစ်ဆက်တည်းနှုတ်ခမ်းကလဲအိစက်နေမည်ဟုနှောင်းဖွဲ့တွေ့လိုက်မိပါသေးသည်။

ေႂကြ(Gl)ကြွေWhere stories live. Discover now