e.p-37

1K 50 3
                                    

ဖိန်းယောင်းသူ့ရှေ့ကစီတော်ယာဥ်ကိုကြည့်ကာနည်းနည်းတော့အောင့်တက်တက်ဖြစ်နေမိသည်။အခုခတ်အခေါ်အဝေါ်နဲ့ဆိုရင်ကားပေါ့ရိုးရိုးကားတော့မဟုတ်ဘူးနည်းနည်းတော့ထူးခြားတယ်ပြောရမယ်။ဘီးလေးဘီးပါတာတူတယ် အမိုးအကားတွေလဲတူတယ် မတူတာ ကအရှေ့ကဖုတ်ကောင်တွေပဲ အဆင့်နိမ့်ဖုတ်ကောင်တွေကို ကားကိုဆွဲခိုင်းမလို့ထင်တယ်။ခရီးတော့ဒီနေ့ရောက်အုံးမယ်ထင်တယ်။

(ဖိန်းယောင်း= ငရဲပြည်ကအကြီးအကဲခေါင်းဆောင်)

ကျန်းချန်အရှေ့က ဖုတ်ကောင်ဆွဲထားတဲ့ကာစုတ်ကိုကြည့်ပြီး စိတ်ဓာတ်ကျသလိုဖြစ်နေတဲ့ဖိန်းယောင်းကြောင့် ရယ်လိုက်မိသည်။ဒီကားကစုတ်နေတာမို့ ဖုတ်ကောင်တွေကိုသယ်ခိုင်းကာ ပြင်ခိုင်းမလို့ပင် သို့သော်အဆင့်နိမ့်ဖုတ်ကောင်ဖြစ်တာကြောင့်အသွားအလာနှေးကာ ခဏခဏမေ့တတ်တာကြောင့် သူတို့က5မိနစ်တစ်ခါရပ်နေတတ်သည်။

"ဒါစီးရမှာမဟုတ်ပါဘူးခေါင်းဆောင်ရယ်"

"မဟုတ်ဘူးလား"

"ဒါကပြင်ရမယ့်ကားပါ ဖုတ်ကောင်တွေကိုသယ်ခိုင်းပြီးပြင်မလို့ပါ သူတို့ကအဆင့်နိမ့်ဖုတ်ကောင်  မလို့အခုလိုဖြစ်နေတာပါ"

ကျန်းချန်းရဲ့စကားအဆုံး ဖိန်းယောင်းသက်ပြင်းအသာလေးချလိုက်မိသည်။တော်သေးလို့အဲ့တာကြီး စီးးရမယ်ထင်နေတာ။
ကျိုးချန်လဲ ဖိန်းယောင်းကိုခေါ်တာ ဝင်္ကပါ ဝင်ပေါက်ကိုသွားတော့သည်။သူ့တို့ရဲ့အကြီးအကဲဆီကို သွားရမှာကတောအထပ်ထပ်တောင်အထပ်ထပ်ကိုဖြတ်သန်းမှကာရောက်မှာဖြစ်တာကြောင့် ဝင်္ကပါ ဝင်ပေါက်ကိုသာအသုံးပြုလိုက်သည်။သူသားရဲပျံကိုမစီးရဲတာကြောင့် လဲပါသာပေါ့။

ဖိန်းယောင်းဝင်္ကပါဝင်ပေါက်ကိုကြည့်ကာမဝင်ရဲဖြစ်နေသည်။ကျိုးချန်ကသားရဲပျံကိုမစီးရဲသလို  ဖိန်းယောင်းဟာလဲဝင်္ကဝင်ပေါက်ထဲကိုမဝင်ရဲပေ။ဒါကြောင့်ဒီကိုလာတာတောင်ဝင်္ကပါဝင်ပေါက်ကိုမသုံးပဲ ခြေလျင်သိုင်းတာအသုံးပြုကာအမြန်ပြေးလာခြင်းပင်။

"အကြီးအကဲဖိန်းက ဝင်္ကပါဝင်ပေါက်ထဲမဝင်ရဲဘူးထင်"

"မဟုတ်ပါဘူးဝင်ရဲပါတယ် ...ဒါပင်မဲ့ သိပ်မသုံးဖြစ်တာမို့ ...နည်း.....နည်း...လေး..စိမ်းသပ်နေရုံပါ"

 My  Warlock (Completed)Where stories live. Discover now