e.p-25(2)

1.3K 71 5
                                    

ရိပေါ်အိပ်ပျော်နေတဲ့ရှောင်းကျန့်ကိုထိုင်ကြည့်နေမိသည်။သူမယုံကြည့်နိုင်သေးဘူးgegeကိုပိုင်ဆိုင်ရမယ်လို့။သူgegeကိုစောင့်နေတာနှစ်ပေါင်း၅၀၀ကျော်နေပြီအနာဂတ်ကြင်ယာတော်ကိုသူ့စီရောက်လာဖို့စောင့်နေခဲ့ရတာ။အနာဂတ်ကြေမုံမှာကြည့်ကတဲကသဘောကျခဲ့ရတာအခုတော့ရုန်းမထွက်နိုင်တော့ဘူး။gegeကိုစောင့်နေခဲ့တာနှစ်ပေါင်းမနည်းတော့တာမို့ ကြင်ယာတော်
လောင်း ရောက်လာမှာကိုတောင်မစောင့်နိုင်တော့ပဲကိုယ့်တာဝန်တွေကိုပစ်ပြီး ပြန်လည်မွေးဖွားဖို့ရွေးချယ်ခဲ့တာ။သူပြန်လည်မွေးဖွားဖို့ဥခွံထဲမှာပဲနေဖို့ဆုံးဖြတ်ခဲ့ တာ ဘာကြောင့်လဲဆိုတော့ယုတ်ညံ့တဲ့လူသားတွေနားမှာ သူမွေးမဖွားလာချင် လို့ပဲ။လူသားတွေကတကယ်ကိုယုတ်ညံ့လွန်းတယ်။သူ့ရဲ့ကြင်ယာတော်ကိုအနိုင်ကျင့်ရဲကြတယ်။ဘာမဟုတ်တဲ့ကိစ္စလေးကိုကြီးအောင်လုပ်ပြီးသူရဲ့ကလေးအိမ်ကိုမီးရှို့ခဲ့ကြသေးတာ။

လူတွေကကလေးရဲ့နုပျိုမှုကိုအရမ်းလိုချင်နေကြတာ။သူတို့က ကလေးကိုသာသတ်နိုင်ရင် ကလေးရဲ့သွေးကသူတို့ကိုနုပျိုပြီးအသက်ရှည်စေမယ်လို့ယုံကြည်နေကြတာဘယ်လောက်တောင်တုံးအ လိုက်လဲ။စုန်းသွေးသောက်ပြီးစုန်ဖြစ်တိုင်းသာဆို ကမ္ဘာပေါ်မှာ စုန်တွေရိုက်သတ်လို့တောင်ကုန်တော့မှာမဟုတ်ဘူး။မိုက်မဲလိုက်တဲ့လူသားတွေ။သူတို့ကကလေးကို အိပ်ဆေးခပ်ပြီးတော့ကလေးရဲ့သွေးကိုထုတ်ခဲ့တယ်။ကလေးရဲ့သွေးတွေကတဖြည်းဖြည်းနည်းလာပြီမျက်နှာတွေကဖြူဖက်ဖြူရော်တွေဖြစ်လာတယ်။လူသားတွေကတော့ ကလေးရဲ့သွေးကိုပျော်ပျော်ရွှင်ရွှင်ကိုသောက်နေကြတာ။သူတို့ထင်သာသူတို့တသက်သာလုံးနုပျိုတော့မယ်ပေါ့အရူးတွေစုန်ရဲ့သွေးကနုပျိုခြင်းကိုကိုယ်စားပြုတာမဟုတ်ဘူး။ကျိန်စာကိုကိုယ်စားပြုတာ။ကလေးတာသူတို့ကိုကျိန်စာတိုက်ချင်ရင်တိုက်လို့ရပင်မဲ့ကလေးကကျိန်စာမတိုက်ခဲ့ဘူး။ကလေးရဲ့ခန္ဓာကိုယ်ပေါ်ကသွေးတွေကိုကုန်ဆုံးသွားအောင်သူတို့သုံးသောက်ခဲ့ကြတယ်။

အဲ့ချိန်မှာကလေးသာမနိုးလာခဲ့ရင်ကလေးတကယ်အသက်ဆုံးရှုံးသွားနိုင်တယ်။ကလေးကလူသားတွေစီကနေထွက်ပြေးလွှတ်မြောက်နိုင်ခဲ့ပင်မဲ့ကလေးရဲ့အတောင်ပံကိုတော့ဆုံးရှုံးခဲ့ရတယ်။ကလေးရဲ့အတောင်ပံkeilaniကကလေးအသက်ကိုကယ်ခဲ့တာ မဟုတ်ရင်ကလေးကပျောက်ကွယ်သွားနိုင်တယ်။keilaniကလေးရဲ့ဒုတိယအသက်ပဲ အတောင်ပံတွေကစုန်းတွေရဲ့ဒုတိယအသက်ပဲ သူတို့ကသူတို့သခင်အသက်ဆုံးရှုံးခါနီမှာ သူကကယ်တင်ပေးတတ်ကြတယ်။တောင်ပံတွေကတော့ပျောက်ကွယ်သွာပင်မဲ့ပေါ့။

 My  Warlock (Completed)Dove le storie prendono vita. Scoprilo ora