e.p-33

1K 49 4
                                    

"ကောင်းကောင်းသွားနော် ...အားကျန့်"

"အင်း"

အိမ်ရှေ့မှာနှုတ်ဆက်နေကြတဲ့မောင်နှမနှစ်ယောက်ကို မျက်မှောင်ကြီးကုတ်ကာဝမ်ရိပေါ်ကြည်နေမိသည်။

တော်ရုံတန်ရုံ နှုတ်ဆက်ရင်မပြောပါဘူး။မနက်ကနေစပြီးအခုတောင် နေ့လယ်ရောက်နေပြီနှုတ်ဆက်လို့မပြီးသေးဘူး။ပြောနေတဲ့စကားတွေကလဲ ပြောပြီးသာစကားတွေကိုထပ်ခါထပ်ခါပြောနေတာ။

"ဒါဆိုကျွန်တော်တို့ သွားတော့မယ်နော်မမ"

"ဂရုစိုက်နော်"

ဝမ်ရိပေါ် သက်ပြင်းခိုးချလိုက်မိသည်။နောက်ဆုံးတော့သူတို့ခရီးထွက်လို့ရခဲ့ပြီ။

ရှောင်းပိုင်ထွက်သွားတဲ့ရှောင်းကျန့်တို့နှစ်ယောက်ကိုကြည့်ကာမျက်ရည်များဝဲလာရတော့သည်။

"နောက်ဆုံးတော့ ..ငါမောင်လေး လင်ကောင်သားကောင်ရခဲ့ပြီ .....ဟင့်..ရွှတ်"

ရှောင်းပိုင်လဲ ထွက်သွားတဲ့နှစ်ယောက်ရဲ့ကျောလေးပျောက်သွားတဲ့ထိ စောင့်နေပြီအိမ်ထဲဝင်ကာ ဆေးပြန်ဖော်နေတော့သည်။

.................

"ကလေး ကိုယ်ဘယ်သူလဲဆိုတာမသိချင်ဘူးလား"

လမ်းတဝက်မှာမေးလာတဲ့ဝမ်ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်နည်းနည်းစဥ်းစားမိသွားသည်။သူ ဝမ်ရိပေါ်ကို ခေါ်ခဲ့တာက kကြောင့် ဆိုပင်မဲ့သူ့လက်ထဲမှာကြီးခဲ့တဲ့ကလေးပဲ ဝမ်ရိပေါ်ရဲ့ထူးခြားတဲ့ အကြောင်းအရာတွေကြောင့် သူကဘာမျိုးနွယ်ဆိုတာကို အသဲအသန်ရှာဖွေခဲ့ပင်မဲ့ သူ့မျိုးနွယ်ကိုသေသေချာချာမသိခဲ့ရဘူး။အခုတော့ကိုယ့်မွေးစားထားတဲ့ကလေးကကိုယ်ကိုပြန်စားပြီးလင်ယောကျာ်း ဖြစ်သွားပြီဆိုတော့လည်း ကိုယ့်ယောကျာ်းအကြောင်းလေးတော့သိထားသင့်တယ်လို့ထင်မိတာကြောင့်

"အင်း.....သိချင်တယ်"

ဝမ်ရိပေါ်အစကသတိတ်ဆိတ်နေတဲ့ရှောင်းကျန့်ကြောင့် မသိချင်ဘူးထင်ကာ ဝမ်းနည်းမိသွားပင်မဲ့ ရှောင်းကျန့်အခုပြောလိုကါတဲ့စကားကြောင့် ကျေနပ်ပြုံးကြီးပြုံးလိုက်မိသည်။

 My  Warlock (Completed)Where stories live. Discover now