e.p-34

1K 50 3
                                    

ရှောင်းကျန့် သူ့ရှေ့ကလူတွေကိုကြည့်ကာစိတ်ညစ်လာသည်။မသိရင် ပြဇာတ်လာကြည့်ကြတဲ့လူတွေကြနေတာပဲ အုပ်လိုက်ကြီး
သူဘယ်သွားသွားနောက်ကလိုက်တယ်။သူဘာလုပ်လုပ်လိုက်ကြည့်တယ်။

သူတစ်ခါခါလုပ်လိုက်တဲ့အမှုအရာကြောင့်လဲ
"ဝူးဝူးဝါးဝါး" နဲ့ အော်နကြတာမသိရင်မျောက်အုံးသီးရလို့အော်နေသလိုကြီး။

"ကလေးရေ.....နိုးပြီလာ"

ရှောင်းကျန့် ဝမ်ရိပေါ်အသံကြောင့် မျက်လုံးအရောင်လေးတောက်သွားကာ အားကိုးတကြီး ပြေးဖက်လိုက်တော့သည်။

"ဝါးးးးးးးးးးးးးး"

လူအုပ်ကြီးရဲ့ အသံကြောင့် ရှောင်းကျန့် ကိုယ်လေးတုန်တက်သွားရတော့သည်။နည်းတဲ့အသံကြီးလား။ဘယ်လိုပဲ အသက်၂၀၀ရှိနေပြီပဲဆိုဆိုအခုက ကလေးကိုယ်နဲ့ဖြစ်နေတာကြောင့် စိတ်ကလဲနုသည်။

ဝမ်ရိပေါ် တုန်တက်သွားတဲ့ခန္ဓာကိုယ်လေးကြောင့် ရှေ့ကလူအုပ်ကို ခပ်စူစူးကြည့်လိုက်သည်။

"ဘာလာလုပ်တာလဲ"

သူတို့အရှင်ရဲ့အသံကြောင့် အကုန်လုံးကတညီးတညာဖြေလာကြသည်။

"ကြင်ယာဝောာ်ကိုလာရောက် ကြည့်ရှုတာပါအရှင်"

"အခုကြည့် ....ပြီးပြီမလား."

"ကြည့်ပြီးပါပြီအရှင်"

"ဒါဆို ပြန်ကြတော့ ကိုယ်တော်ရဲ့ကြင်ယာတော်ကပင်ပန်းနေပြီ "

တိတ်ဆိတ်သွားသောလူအုပ်ကြီး သူတို့မပြန်ချင်သေးဘူး ကြင်ယာတော်လေးကချစ်စရာလေးမို့ထပ်ကြည့်ချင်သေးတယ်။အမဲရောင်အတောင်ပဲနဲ့ ကြင်ယာတော်လေးကသိပ်သိပ်ကြည့်ကောင်နေကို အရှင်ကတွန့်တိုလိုက်တာ။

သိပ်ဆိတ်ကာ မလှုပ်မရပ် နေကာပေကပ်နေကြသောလူအုပ်ကြီးကို ဝမ်ရိပေါ် မျက်တောင့်နီကြီးနဲ့ကြည့်ကာ

"မသွားသေးဘူးလား"

ခပ်မာမာဖြစ်လာသောအရှင်ရဲ့အသံကြောင့်သူတို့ကအရှင်ကိုပင်မနှုတ်ဆက်တော့ဘဲ လွှတ်ရာကျွတ်ရာကိုပြေးကြတော့သည်။သူတို့ရဲ့ကြင်ယာတော်လေးကချစ်စရာကောင်းပေမဲ့အရှင့်ရဲ့အမျက်ဒေါသကတော့ချစ်စရာမကောင်းဘူး။

 My  Warlock (Completed)Where stories live. Discover now