e.p-28

1.3K 57 5
                                    

"အားကျန့် တကယ်ပဲသောက်မလို့လား"

"အင်း"

"တကယ်ပဲဆုံးဖြတ်ချက်ကိုမပြောင်းတော့ဘူးလား"

ခေါင်းငြိမ့်ပြလာသောအားကျန့်ကြောင့် သူမသက်ပြင်းသာချလိုက်မိသည်။တကယ်ကိုခေါင်မားတဲ့ကလေးလေး။အားကျန့်ကဆုံးဖြတ်ပြီးပြီဆိုမှတော့ သူမလည်းဆေးကိုထုတ်ပေးရုံပေါ့ ဘာတတ်နိုင်တော့မှာလဲ။သူမရဲ့ဆေး ပုလင်းတွေမြှောက်များစွာထဲက အပြာရောင် ပုလင်းကိုယူလိုက်သည်။အဲ့ပုလင်းပေါ်မှာရေးထားတာက"မွေးဖွားခြင်းတဲ့"။

သူမ အားကျန့်ကိုပုလင်းပေးလိုက်ပြီး

"အားကျန့် ဆေးကသောက်ပြီးပြီချင်း တကိုယ်လုံးပူတက်လာလိမ့်မယ်..နောက်ပြီး အရိုးတွေက ကျေမွသွားသလိုခံစားရပြီးသေမတတ်နာကျင်ရလိမ့်မယ် အားကျန့်ခံနိုင်ပါ့မလား "

ခေါင်းသာထပ်ငြိမ့်ပြသောအားကျန့်ကြောင့်သူမ သက်ပြင်းတွေကိုမသိမသာထပ်ချမိလိုက်သည်။

"အဲ့နာကျင် မှုတွေ ကို5ရက်အတွင်းခံစားရပြီး အားကျန့်က အိပ်ပျော်သွားလိမ့်မယ် ..အားကျန့်ဘယ်တော့မှ ပြန်မတွေ့ချင်တော့တဲ့အတိတ်ဆိုးတွေကို ပြန်တွေ့ရပြီး ပြန်ကျော်ဖြတ်ရမယ်..တကယ်လို့အားကျန့် ..မကျော်ဖြတ် ...နိုင်ခဲ့ရင်..အားကျန့်ဘယ်တော့မှနိုးထလာတော့မှာမဟုတ်ဘူးနော်"

အဖျားနားမှာအသံတုန်းသွားတဲ့မမကိုရှောင်းကျန့် တစ်ချက်သာကြည့်ပြီး အကြည့်လွှဲလိုက်ကာ ခေါင်းသာငြိမ့်ပြလိုက်မိသည်။

"အားကျန့် ..ပြန်လာရမယ်နော်.. မမ ကို ..ကတိပေးနော်"

"အင်း..ကျွန်တော်ကတိပေးတယ်"

"အားကျန့် ကတိရမယ်နော်"

"အင်း"

ရှောင်းခေါင်းငြိမ့်ပြတော့ မမကထွက်သွားသည်။မမထွက်သွားမှသာရှောင်းကျန့် မျက်ဝန်းထဲက မျက်ရည်များကကိုပါးပေါ်ဆင်းသက်ခွင့်ပေးလိုက်သည်။ရှောင်းကျန့်ပါးပေါ်ကမျက်ရည်တွေကိုခက်ကြမ်းကြမ်းသုတ်ပစ်လိုက်ပြီးဆေးကိုသောက်ပစ်လိုက်သည်။

ဆေးကအေးအေးလေးနဲ့လည်ချောင်းထဲကိုစီးဝင်သွားပင်မဲ့ ဗိုက်ထဲရောက်မှတဖြည်းဖြည်းပူလာသည်။မသိရင်မီး သွေးခဲကိုမြိုချသလိုက်သလိုပင် ဝမ်းတွင်းကလီဆာတွေ ကအလွန်းကိုပူလောင်နေကာ  အထဲကမီးလောင်းနေသလိုပင်။ပူလောင် နာကျင်မှုကြောင့် ရှောင်းကျန့်ကိုယ်မှာချွေးတွေအပြည့်ဖြစ်လာသည်။ရှောင်းကျန့်ဝမ်ဗိုက်နာကျင်မှုမှသက်သာအောင် ခန္ဓာကိုယ်ကိုသက်နိုင်သမျှကွေးလိုက်မိသည်။သို့သော်ပူလောင်မှုကပိုပိုလို့ပင် ပူလောင်လာကာ ဝမ်းဗိုက်ကနေတဆင့် ရင်ဘက်ထိတက်လာနေပြီဖြစ်သည်။
ရှောင်းကျန့်ပူလွန်းလို့ တကိုယ်လုံးကိုရေနဲ့စိမ်ထားချင်လိုက်သည်။ဒါပင်မဲ့သိမ့်ချင်တိုင်းစိမ်လို့မရတာကြောင့် ကြိတ်မှိတ် ကာခံစားချင်တော့သည်။ရေစိမ်ရင်ပိုပူလာမှာကိုကြိုသိနေတာကြောင့် ရေစိမ်ချင်နေတဲ့စိတ်ကိုအမြန်သာဖျောက်ပစ်လိုက်ရတော့သည်။

 My  Warlock (Completed)Where stories live. Discover now