e.p-12 ဝမ်အဆိုးလေး

1.8K 99 4
                                    

ဝမ်ရိပေါ်ရှောင်းကျန့်လုပ်ကျွေးတဲ့ဒူးရင်းသီးကိတ်ကိုလုပ်ကျွေးတဲ့လူရဲ့မျက်နှာကိုတစ်
စိမ့်စိမ့်ကြည့်ရင်စား နေပါတယ်။

ကိတ်ကိုလဲအဖိုးတန်လေးလို တစ်ဖဲ့ချင်းစီကို
ဖဲ့စားနေသေးပါတယ်။ရှောင်းကျန့်ကတော့
စိမ်ခံစားနေသောဝမ်ရိပေါ်ကိုကြည့်ကာမကြည်ချင်တော့။

ငယ်ငယ်တုန်ကအတိုင်းပဲ တစ်ခုခုကျွေးရင်
တစ်ဖဲ့ချင်းစီစားလို့ ကောင်းတုန်။တကယ်ပါ
အသက်ပဲကြီးလာတယ်။အရပ်တွေရှည်လာတယ်။စကားပြောတာပြောင်းသွားတယ်။
ဒါပဲပြောင်းသွားတာ အငိုသန်တုန်၊ဂျီကျတုန်
သူနားလဲအရင်လိုကပ်တုန်ပဲ။

ဝက်ပေါက်ကနေ ခွေးပေါက်လေးလိုထပ်
ဖြစ်လာသေးတယ်။စိတ်ကလဲတအားနုတယ်
ရှောင်းကျန့် ဆိုတဲ့ငါလေမပျောက်သွားလိုက်
နဲ့ ပျောက်ပြီဆိုတာနဲ့အပြဲကြီးနဲ့အော်ရှာနေပြီ။

ခုဏကလဲစာကြည့်ခန်းထဲမှာထိုင်နေတုန်း
သူ့အသံကျယ်ကျယ်ကြောင့်ဘာဖြစ်တာလဲ
လို့ထွက်ကြည့်လိုက်တာ။ကိုယ်တော်ချောက
မျက်ရည်တွေဝဲနေပြီ။တကယ်ပါပဲ ဘယ်လို
တောင်သူက ငါ့နားအဲ့လောက်ကပ်နေရတာလဲ။

သူကကိုယ်ကိုအရင်လိုချွဲတုန်ပဲ။ဘယ်တော့မှ
အသက်ကောစိတ်ကောအမှုအကျင့်ပါမကျန်
ပြောင်းမှာလဲနော်။

ပြောင်းတာမပြောင်းတာနောက်ထားအခုတော့ ကိတ်ကိုစာလို့မပြီးနိုင်တိုင်ပင် စားနေတာ တော်တော်ကြာနေပြီ စားလို့မကုန်သေးဘူး။

"ဝမ်ရိပေါ် မြန်မြန်စားစမ်းပါ"

"gegeကလဲ အဖိုးတန် လေးကို ဖြေးဖြေးချင်စီအရသာခံ စားနေတာကို အားကြီးနဲ့မအော်ပါနဲ့"

"အော် အရသာခံ စားနေတယ််ပေါ့ "

"ဟုတ်တယ် အရသာ မပျက်အောင်လို့ "

မျက်ပေးတုံးလေး မျက်နှာနဲ့ပြောလာတဲ့ပုံ
က တကယ့်ဖြတ်ရိုက်ချင်စရာလေး။

နှမ်းစေ့လောက်ကျန်တဲ့ကိတ်ကို စားနေတာ
မပြီးတော့ဘူး။

"ဝမ်ရိပေါ် မင်း မြန်မြန်စားမလား။ငါမင်းကို
ည ခေါ်မအိပ်ပဲထားရမလား"

 My  Warlock (Completed)Where stories live. Discover now