e.p-32

972 52 1
                                    

ဝမ်ရိပေါ် ရှောင်းကျန့်ရဲ့ သတင်းကိုကြားပြီးပြီးချင်း လေအလျင်နဲ့အတူ ရှောင်းကျန့် အမရဲ့အိမ်ကိုသွားခဲ့တယ်။ဟိုကိုရောက်တော့ ကလေးရဲ့အမက ကလေးရဲ့ အခန်းရှေ့မှာထိုင်ပြီးငိုနေခဲ့တယ်။ဝမ်ရိပေါ် ကလေးရဲ့အမနားသွားကာ

"ရှောင်းကျန့်ဘာဖြစ်လို့လဲ"

ခက်ထန်ပြီး မာကြောနေတဲ့အသံကြောင့် ရှောင်းပိုင်ကိုယ်လေးခများ တုန်သွားရသည်။
ဘာမှပြောမလာတဲ့ ကလေးရဲ့အမကြောင့် ဝမ်ရိပေါ်ထိတ်လန့်သွားကာတံခါးတွန်းဖွင့်ဖို့လုပ်လိုက်သည်။

"မင်းအထဲဝင်သွားလို့မရဘူး"

ရှောင်းပိုင်ရဲ့စကားကြောင့် ဝမ်ရိပေါ်ရဲ့ လက်ကရပ်တန့် သွားခဲ့ရသည်။

"မင်းသာဝင်သွားမယ်ဆိုရင် အားကျန့် ကျော်ဖြတ်လာသမျှအရာအားလုံးအလကားဖြစ်ကုန်လိမ့်မယ်"

"သူအခန်းထဲမှာ ဘယ်လောက်ကြာပြီလဲ"

"တစ်လပြည့်တော့မယ်"

ဝမ်ရိပေါ်နဲ့ရှောင်းပိုင်တို့ နှစ်ယောက်လုံးက ရှောင်းကျန့် ရဲ့ အခန်းရှေ့မှာတာ ထိုင်စောင့်နေကြသည်။

"ဘယ်ချိန်မှထွက်လာမှာလဲ"

"မသိဘူး ....ငါးလ.... သာမှမဟုတ်ရင် တစ်နှစ် ..ပေါ့"

ထပ်မံတိတ်ဆိတ်သွားတဲ့ စကားသံတွေနဲ့အတူ အသက်ရှူသံကိုသာကြားရတော့သည်။

"တသက်လုံးလဲဖြစ်သွားနိုင်တယ်"

တိတ်ဆိတ်နေတဲ့အချိန်မှာ ရှောင်းပိုင်ပြောလိုက်တဲ့စကားက အသံမကျယ်ပင်မဲ့ သူ့နားထဲမှာတော့ပဲ့တင်သံတောင်ပြန်ကြားနေရသလိုပဲ။

"ထာဝရအိပ်စက်သွားနိုငါတယ်"

'မဖြစ်ဘူး......မဖြစ်ဘူး.....'
ဝမ်ရိပေါ်စိတ်ထဲအကြိမ်ကြိမ်အော်နေကာချက်ချင်းထရပ်လိုက်သည်။သူရှောင်းကျန့်ရဲ့ ဇာတာအုပ်ကိုကြည့်ရမယ်။

ရုတ်တရက်ကြီးထ ထွက်သွားတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းပိုင်မှာ အကြောင်သာလေးကြည့်နေမိတော့သည်။

ဝမ်ရိပေါ်ချက်ချင်းကို သူ့ရဲ့ ကိုယ်ရံတော်ကိုဆင့်ခေါ်လိုက်ကာ ငရဲပြည်ရဲ့ဇာတာ စာအုပ်တွေထား ထားတဲ့ ခန်းမကိုချက်ချင်း သွားခဲ့သည်။

 My  Warlock (Completed)Where stories live. Discover now