e.p-13 drama king

1.8K 108 4
                                    

ရှောင်းကျန့်တို့အပေါ်ထပ်ကိုရောက်တော့
ဝမ်ရိပေါ်ကိုသူအခန်းမှာသွားနေဖို့ပြောရတော့သည်။

ဒါပင်မဲ့ဘာကိုအလိုမကျမှန်းမသိ။မျက်မှောင်ကြီးကြုတ်ကာ သူ့အခန်းတံခါးပေါက်ကိုကြည့်နေပြန်သည်။

တံခါးပေါက်ကိုအတန်ကြာ ကြည့်ပြီးနောက်
ရှောင်းကျန့်ကိုပြန်ကြည့်လာကာ မျက်လုံးချွဲ
ကြီးနဲ့ ချစ်စရာကောင်းအောင်လုပ်ပြီး
ပါးကိုလဲအနည်းငယ်ဖောင်းထားကာနှုတ်ခမ်းကိုလဲမသိမသာဆူထားသေးသည်။

"gege သားမအိပ်ချင်ဘူး။ သားရဲ့အခန်းထဲမှာမအိပ်ချင်ဘူး"

ခပ်ချွဲချွဲနဲ့သနားစရာကောင်းအောင်ပြောလာ
တာမို့ ရှောင်းကျန့် နေရာမှာတစ်ခြားသူသဆိုရင် အရေပျော်ကာ ချက်ချင်းကိုပြောသည့်အရာကိုဖြည့်စည်း ပေးမိမှာပင်။သို့သော်
တစ်မိုးအောက် တစ်ယောက်သောသူရှောင်းကျန့်ကတော့ ခပ်တည်တည်သာ။

"မအိပ်ချင် မအိပ်နဲ့လေ ငါတော့အိပ်တော့မယ်"ရှောင်းကျန့်အဲ့လိုပြောကာထွက်က်သွားမဲ့ဟန်ပြင်တော့ ဝမ်ရိပေါ်က ပြာသလဲ့လဲ့
ရှောင်းကျန့် လက်ကိုဆွဲကာ သနားစရာကောင်းတဲ့မျက်နှာ ငယ်လေးနဲ့

"သားက gegeနဲ့ အတူတူအိပ်လို့ မရဘူလား"

အသံသေးသေးလေးနဲ့တောင်းဆိုပြန်သည်။
ရှောင်းကျန့်ကဝမ်ရိပေါ်ကိုင်ထားတဲ့လက်ကို
တစ်ချက်ကြည့်လိုက်ပြီးဝမ်ရိပေါ်ကို
ပြုံးပြကာ

"အော် သားသားလေး က gegeနဲ့ အတူအိပ်ချင်တာလား"

အဆက်မပျက်ခေါင်းငြိမ့်ပြလာသောဝမ်ရိပေါ် ကိုကြည့်ကာ ရှောင်းကျန့်လှစ်ခနဲ ပြုံးလိုက်မိသည်။တကယ့်ကိုငါးစာမီပြီပဲ

"အား ဒါဆိုလဲ ဒီက gegeချောချောလေးက
ဒီကသားသားလေးကို "

အခဏရပ်လိုက်ကာမျှော်လင့်ချက်အပြည့်နဲ့
ကြည့်နေတဲ့ ဝမ်ရိပေါ်ကို ထပ်ပြုံးပြလိုက်ပြီး
သူလက်ကိုဆွဲထားတဲ့ ဝမ်ရိပေါ်ရဲ့လက်ပေါ်
သူလက်ထပ်တင်လိုက်ပြီး

" ခေါ် အိပ် မယ် "

ပြုံးရောင်သန်လာသောဝမ်ရိပေါ်မျက်နှာကိုကြည့်ကာ

 My  Warlock (Completed)Where stories live. Discover now