e.p-(4)gegeကသားအပိုင်

2.1K 133 3
                                    

ကျန်းချန်အိမ်ကိုရောက်ကတဲကဝမ်ဝမ်လေးမှာရှောင်းကျန့်နားကကိုမခွာတော့ပေ။
ရှောင်းကျန့်ပျောက်သွားရင်လဲရှာနေတတ်
ပြီးမတွေ့ရင်လဲအော်ငိုနေတော့သည်။

ရှောင်းကျန့်ကတော့kကိုမျက်စောင်းထိုးနေပြီ
ဖြစ်သည်။

ဘာကြောင့်လဲဆိုတော့kကသနား၍ခေါ်လာသော ချီးထုပ်လေးက ကိုယ့်ခေါင်းပေါ်
ကျလာသောကြောင့် ဖြစ်သည်။

တကယ်ချီးထုပ်လေးပင် စားကောင်းခြင်းမစားရ အိမ်ကောင်းခြင်းမအိပ်ရ ရှင်းရှင်းပြော
ရရင်  ချီးပါးတာတောင်ကောင်းကောင်းမပါ
ရတဲ့ဘဝကိုရောက် နေပါပြီ။

တကယ်ပါရှောင်းကျန့်ဆိုတဲ့ငါပျောက်သွားတာနဲ့ ဆပ်ပြာသည်လင်ပျောက်ရှာ သိလို
ပြာယာတွေ ခက်ပြီးလိုက်ရှာနေတာ။

မသိရင်စုန်းဖြစ်တဲ့ငါပဲအားနည်းတဲ့ ကလေးလေးကျနေတာပဲ။

အခုလဲအိပ်မို့ကိုအေးဆေးမအိပ်ရဘူး။

တံပေါက်ဝမှာဝက်တစ်ကောင်ကဝက်ဝံအရုပ်
ရယ်ခေါင်းအုံးရယ်ပိုက်ပြီး အခန်းရှေ့မှာ
မျက်နှာငယ်လေးနဲ့လာရပ်နေလို့ပဲဖြစ်ပါတယ်။

"gegeရယ် သားက တစ်ယောက်ထဲမအိပ်ရဲ  လို့ပါ"

"kနဲ့သွားအိပ်"

ဟုဆိုကာရှောင်းကျန့်ကတံခါးကိုပိတ်လိုက်တော့သည်။

တံခါးကိုကြမ်းကြမ်းတမ်းတမ်းပိတ်လိုက်တဲ့
ရှောင်းကျန့် ကြောင့် ဝက်ပေါက်လေးက
နည်းနည်းတော့လန့်သွားပင်မဲ့

"ကေးကေးကအိပ်နေပြီး"  ဟုမသံတုန်တုန်လေးဖြင့်အော်ပြောလိုက်သည်။

"gege သားကအိပ်ရေမဆော့ပါဘူး
  ငြိမ်ငြိမ်လေးပဲအိပ်မှာပါ တကယ်ပြောတာပါ
  သား သရဲကြောက်လို့ပါ"

ဟုအသံကငိုသံနည်းနည်းထွက်လာကာငိုချင်တာကိုအောင့်ထားသလိုဖြစ်နေသည်။

"gege မအိပ်စေချင်ရင်လဲရပါတယ်သား
အခန်းထဲပဲပြန်အိပ်တော့မယ်"

ဟုငိုသံဖြင်ထပ်ပြောလာပြန်သည်။

အခန်းထဲကရှောင်းကျန့်ကတော့ ကျစ်တချက်သပ်လိုက်ကာ နောက်ဆုံးတော့တံခါး
ဖွင့်လိုက်တော့ မျက်ရည်လေးတွေဝဲကာ
သူကိုအံ့သြော်တကြီးကြည်ြနေသော
ဝက်ပေါက်စသာဖြစ်သည်။

 My  Warlock (Completed)Where stories live. Discover now