e.p-20 တူးနံ

1.4K 77 4
                                    

ရှောင်းကျန့်တို့ရေတံခွန်ကပြန်ရောက်တော့ညနေတောငါအဝောာ်စောင်းနေကာအနည်းမှောင်ရီပျိုးနေပြီးဖြစ်သည်။ဒါတောင်မှမျောက်သုံးကောင်ကမပြန်ချင်သလိုလုပ်နေတာမို့ မန္တာန်သုံးကာလေပေါ်မြောက်ရပ်လေးပါလာကြခြင်းဖြစ်သည်။တအားဂျီးကျချင်နေကြသော ခွေးပေါက်လေးကိုလဲအိမ်ရောက်တော့ပစ်ထားကာစကားလဲမပြောဖြစ်တော့။
ညစာကိုလဲ မစာတော့ပဲစာအုပ်ထဲကမြေပုံကိုတာမှော်မှတ်ညဏ်ထဲထည့်သိမ်းထားလိုက်သည်။မှော်မှတ်ညဏ်ဆိုတာကမန္တာန်တစ်မျိုးပါပဲတာပင်မဲ့လိုတဲ့အချိန်မှာမြေပုံစံကိုပြန်ပေါ်လာအောင် လုပ်ပေးတဲ့အရာပါပဲ မြေပုံတကယ့်အစစ်မဟုတ်ဘဲပုံတူကူးထားတဲ့ မြေပုံ ပုံစံတာဖြစ်တာသည်။

ရှောင်းကျန့်စာအုပ်ဖတ်ပြီးပြီဖြစ်တာကြောင့်မိမိအခန်းထဲမှထွက်ကာစာကြည့်ခန်းသို့သာသွားရန်ပြင်လိုက်သည်။ရှောင်းကျန့်အိမ်အောက်ရောက်တော့မီးဖို့ခန်းထဲကဆူညံသံတွေကြောင့်မျက်မှောင်ကြုတ်လိုက်ပင်မဲ့ရေတံခွန်မှာ ကုတ်ကပ်ပြီးနေချင်နေတဲ့သုံးကောင်ကိုမကျေနပ်တာမို့မသိချင်ယောင်ဆောင်ကာစာကြည့်ခန်းကိုသာဦးတည်သွားလိုက်တော့သည်။စာအုပ်ကိုသူ့နေရာနဲ့သူထားပြီးတာနဲ့အခန်းထဲကထွက်လာတော့တူးနံရလိုက်တာကြောင့်မီးဖိုးခန်းထဲသို့တာတိုက်ရိုက်သွားရတော့သည်။လစ်လျှူရှုလို့မရတော့ဘူးမဟုတ်ရင်မီးဖိုးဆောင်ကြီးမီးလောင်ကုန်လိမ့်မယ်။ရှောင်းကျန့်မီးဖိုဆောင်ထဲရောက်တော့တူးနံကပိုဆိုးလာကာတူးနံဆိုးဆိုးကနှာခေါင်ထဲအလုံးအရင်းဝင်ရောက်လာသည်။

"ဘာတွေ....ဟွတ်.... ဖြစ်နေ...ဟွတ်...ကြတာလဲ "
ရှောင်းကျန့်စကားပြောဖို့အတော်လေးကိုခက်ခဲရတော့သည်။တူးနံတွေအရမ်းဆိုးဝါးလွန်းတာကြောင့်ချောင်းတောင်ဆိုးမိတော့သည်။တကယ်ကိုဆိုးဝါးလွန်းတဲ့တူးနံ့ပဲလူကိုတောင်သေ ‌စေနိုင်တယ်။

ရှောင်းကျန့်ရဲ့အသံကြောင့် ဝမ်ရိပေါ်တို့သုံးယောက်ပြိုင်တူလှည့်ကြည့်လာကာမျက်နှာတွေမှာလဲမဲတူးနေကာလမ်းဘေးကသူတောင်စားနဲ့နင်လားငါလားတောင်တူနေပြီးဖြစ်သည်။ရှောင်းကျန့် လက်ကိုပြတင်းပေါက်ဖက်ညွှန်းပြကာလက်ဝါးဖြန််ကာမန္တာန်သုံးပြီးဖွင့်လိုက်ကာ အနံဆိုးတွေကိုထွက်သွားစေလိုက်သည်။နောက်တော့လက်ဖြောက်တစ်ချက်တီးလိုက် ကာမီးဖိုခန်းထဲကပစ္စည်းတွေကို အသက်သွင်းလိုက်ကာကိုယ်တိုင်ဆေးကြောသန့်စင်စေလိုက်သည်။

 My  Warlock (Completed)Where stories live. Discover now