1

2.3K 171 59
                                    

*Warning*

Mpreg Type ဖြစ်ပါတယ်။
စိတ်အဆင်ပြေမှသာ ဖတ်ကြပါနော်။
_________________________________

ငါ့ရဲ့ ဆယ်ကျော်သက်အရွယ်က မိဘတွေရဲ့ အချစ်ခံ , သူငယ်ချင်းတွေရဲ့ကြား နာမည်ကြီးပြီး လူချစ်လူခင်အရမ်းများတဲ့သူတစ်ယောက်ဖြစ်ခဲ့တယ် ... အမြဲလိုက်နှောင့်ယှက်နေတဲ့ ကောင်တစ်ကောင် ရှိပေမယ့် ငါ့ကိုချစ်တဲ့သူတွေရှိတာပဲ ဆိုတဲ့ အတွေး‌နဲ့ အဲ့တစ်‌ယောက်ကို အာရုံထဲ ထည့်မထားခဲ့ဘူး ....

ငါ အထက်တန်း ဒုတိယနှစ်မှာ စီးပွားပျက်ခဲ့တယ် ... အဖေ့ရဲ့ လူယုံကိုယ်တိုင်က နောက်ကျောဓားနဲ့ထိုးခဲ့တာမို့ ကုမ္ပဏီက ဒေဝါလီခံလိုက်ရရုံတင်မကပဲ အဖေက စိတ်ဓာတ်ကျပြီး အရက်ကို နေ့နေ့ညည သောက်တတ်လာတယ် ..

နဂိုတည်းက အသည်းရောဂါရှိတဲ့ အဖေက သိပ်မကြာခင်ပဲ ဆုံးသွားခဲ့တယ် ... ၂ လအကြာမှာ အမေကလဲ အဲ့စိတ်နဲ့ပဲ ငါ့ကို ထားခဲ့ပြီး အ‌ဖေ့နောက်ကို လိုက်သွားခဲ့ပြန်တယ် ...

ဆွေမျိုးမရှိ တစ်ကောင်ကြွက်ဖြစ်ခဲ့တဲ့ ငါက‌တော့ ကျောင်းသားတွေရဲ့ သနားသလိုအကြည့် , လှောင်ချင်တဲ့အကြည့်နဲ့ အကြည့်ခံရတဲ့သူဖြစ်လာခဲ့ပြီး တ‌ဖြည်းဖြည်း အနိုင်ကျင့်ခံရတဲ့ ကျောင်းသားတစ်ယောက် ဖြစ်လာခဲ့တယ် ...

အရင်က ချစ်လှပါချည်ရဲ့ဆိုပြီး ငါ့အနားကပ်‌ခဲ့တဲ့သူတွေက တစ်ကယ်တမ်း ငါ ပြဿနာကြုံလာရချိန် ငါ့အနား တစ်ယောက်မှ ရောက်မလာတာကိုကြည့်ခြင်းအားဖြင့် လူတွေကို လွယ်လွယ်နဲ့ ယုံတာ သိပ်မှားတယ်ဆိုတဲ့အကြောင်း ငါသိလာခဲ့တယ် ...

ရယ်စရာကောင်းတာ ဘာလဲသိလား ... ဘယ်သူတွေ ငါ့နားက ထွက်သွားပါစေ.. ငါ့ကို အမြဲနှောင့်ယှက်နေတဲ့ 'ဆောင်းဟန်ဘင်း' ဆိုတဲ့ လူဆိုးကောင်ကတော့ ငါ့နား ရှိနေဆဲပဲ ...

ကောင်းသောရှိခြင်းမျိုးနဲ့တော့မဟုတ်ပေမယ့်ပေါ့ ....

ဆောင်းဟန်ဘင်းက ငါ့ကို တခြားလူတွေလိုမျိုး ရိုက်နှက်တာမဟုတ်ပဲ ဘေးနားကနေ စိတ်ရှုပ်အောင် , ဒေါသထွက်အောင် , ဝမ်းနည်းအောင် စကားနဲ့ နှိပ်စက်ခဲ့တဲ့သူ ..

vihollinenWhere stories live. Discover now