"ဟေ့!..Min yoongi!!"
ရုတ်တရပ်ကြီးဈေးထဲတွင်တွေ့လိုက်ရတဲ့လူနောက်သူပြေးလိုက်သွားမိသည်။ဘယ်တက်နိုင်မလဲသူ့နှလုံးသားကယောက်ျားတစ်ယောက်ဖြစ်တဲ့ဒီလူ့ကိုငြိချင်နေပြီထင်ပါရဲ့..
"ခင်ဗျားဘယ်ပျောက်နေတာလဲ!.."
စုတ်ချာနေသည့်ဒီလူ့ရဲ့ပုံစံကအရင်နဲ့မတူ..နောက်ဆုံးတစ်ခေါက်တွေ့တုန်းကအင်္ကျီကိုသာဝတ်ထားပြီးအရက်သိုးနံ့ကိုလည်းနှာခေါင်းဝ ကခံစားမိသည်။
"ရားးး..နောက်ဆုံးတစ်ခေါက်တွေ့ပြီးကတည်းကရေမချိုးရသေးတာလား"
"အေး.."
"ဪ...ဟမ်!??"
မျက်မှောင်ကြုံ့ပြီးစိုက်ကြည့်လာတဲ့လူကဘာတွေအော်ကြီးဟစ်ကျယ်လုပ်နေတာလဲဆိုတဲ့အကြည့်မျိုးကြောင့်
"ထူးဆန်းလို့ပါ..ဘာလို့အဲ့လိုမျိုးနေနေရတာလဲ..မဟုတ်မှလွဲရောအမေဖြစ်သူသေဆုံးသွားတာကြောင့်လား.."
"မင်း..မင်းငါ့ကိစ္စကိုဝင်မပါနဲ့..အေ့"
အမူးသမားတစ်ယောက်နှယ်လေတက်ကာယိုင်ထိုးနေတဲ့ခြေထောက်တွေနဲ့သူ့ရှေ့ကထွက်သွားတဲ့ဒီဦးလေးကဘာဖြစ်ချင်နေလဲတကယ်ပဲနားမလည်နိုင်
"ဦးလေးကြီး..ခင်ဗျားဒီလိုလုပ်နေလို့ဒေါ်လေးကပြန်လာမှာမဟုတ်ဘူး..ခင်ဗျားဒီလိုလုပ်နေတာကတမလွန်မှာရှိတဲ့ဒေါ်လေးကိုမချမ်းမြေ့စေဘူးနော်"
Min yoongiတစ်ယောက်ထိုကလေးရဲ့စကားကိုပြန်ချေပဖို့ဟန်ပြင်လိုက်ပေမဲ့ရုတ်တရပ်မြင်ကွင်းထဲဝင်လာတဲ့သူတွေကြောင့်ထိုကလေးရဲ့လက်ကိုဆွဲကာလူရှုပ်နေသောဈေးထဲတွင်တဟုန်ထိုးပြေးလေသည်။
"ရား!မရပ်နဲ့Min yoongiပြေး!"
"ဘာတုန်းဟ..မပြေးနဲ့ရပ်လို့ပြောရမှာလေ!"
"ဟုတ်သားပဲ..မပြေးနဲ့"
အနောက်ကစကားသံများကိုကြားလိုက်ရတဲ့Yoongiကတော့ခေါင်းတစ်ချက်ခါကာ
"ဒီငကြောင်တွေကတော့."
အချိန်အတိုင်းအတာတစ်ခုထိရောက်လာပြီးပင်လယ်ကြီးကိုမြင်နေရတဲ့အချိန်မှသာသူ့ရဲ့ပြေးနေတဲ့ခြေလှမ်းတွေကိုရပ်လိုက်ပြီး