Part 10(U+Z)

281 39 4
                                    


အချိန်အားဖြင့်ညနေခင်း။
ဆေးရုံ၏VIP Roomထဲကငွေမှင်​ရောင်ဆံနွယ်တွေနဲ့ကောင်လေးကTVမှာလာနေတဲ့actionကားကိုတအားကြိုက်နေပုံပါပဲစိတ်ဝင်တစားကိုကြည့်နေတာ
..သူ့ရဲ့မျက်ခွံလေးတွေအနည်းငယ်ဖောင်းအစ်အစ်ဖြစ်နေတယ်..ဒါကလည်းသူသတင်းစာရှင်းလင်းပွဲကြည့်ရင်းချစ်ရတဲ့ဦးကသူ့ဘက်ကအပြည့်အဝကာကွယ်ပေးခဲ့တော့သူပီတိမျက်ရည်တွေကျခဲ့ခြင်းသာ..။
အခန်းတံခါးပွင့်လာပေမဲ့သူသတိမထားမိ..သူဇာတ်ကားကိုတအားစိတ်ဝင်စားနေသည်လေ။
Taehyungအခန်းဝနားကနံရံလေးကိုမှီလျက်ပဲTVကိုစိတ်ဝင်တစားကြည့်နေတဲ့သူ့ကလေးလေးကိုသူကလည်းစိတ်ဝင်တစားကြည့်နေလိုက်တယ််..။

Hoseokဇာတ်ကားကြည့်နေရင်းတစ်ယောက်ယောက်ကကြည့်နေတဲ့ခံစားချက်မျိုးရတာမို့လို့သူဇာတ်ကားစီမှအကြည့်လွှဲလိုက်တော့..

"ဟင်?..ဦး!!"

Hoseokကုတင်ပေါ်ကပြေးဆင်းသွားလိုက်ပြီးTaehyungပေါ်ခုန်တက်ကာဖက်ထားလိုက်တယ်။Taehyungဟာလည်းသူ့လက်ထဲက ကလေးလေးလွတ်ကျသွားမည်စိုး၍ခပ်ဖွဖွထိန်းကိုင်ပေးထားသည်။

"Dripချိတ်ထားတာကဖြုတ်လိုက်ပြီလား..ကလေးကအားနည်းနေတော့ကုန်အောင်ချိတ်စေချင်တာ.."

ဆေးရည်အနည်းငယ်ကျန်တဲ့ဆေးအိတ်ကိုကြည့်ရင်းပြောနေသူကြောင့်..

"ဟီး..ဟိုလေ..ကျွန်တော်ကယောက်ျားလေးပါ ဦး ဒီလောက်လေးကတော့အသာလေးပဲအခုနာတောင်မနာတော့ဘူး"

Hoseokကလည်ပင်းကိုဘယ်ညာဆတ်ကနဲလှည့်ပြရင်းပြောတော့..

"ကလေး!..ဘယ်လိုတွေမဆင်မခြင်လုပ်နေတာလဲ..ကိုယ်မကြိုက်ဘူးနော်ကလေးလေး"

Taehyungထိုသို့ပြောတော့ခုနကပဲအရွယ်ရောက်ပြီးသားလူတစ်ယောက်လို့ပြုမူနေတဲ့ကလေးကခေါင်းလေးငုံ့ရင်းသူ့ကိုယ်ပေါ်ကဆင်းကာကုတင်ပေါ်တက်သွားသည်။နောက်တော့Controlဖြင့်TVကိုပိတ်လိုက်တယ်..ေစာင်လေးကိုခြုံရင်းTaehyungကိုကျောပေးထားတဲ့ကလေးလေးကTaehyungမျက်လုံးထဲတော့တကယ့်ကိုချစ်သဖွယ်လေး..Taehyungကုတင်နားတိုးကပ်သွားလိုက်ရင်း..ကုတင်ပေါ်ထိုင်လိုက်ကာ

"ကလေးလေးထဦး.."

Taehyungတစ်ခါခေါ်ရုံနဲ့တော့ဒီကလေးကထလာမည့်ပုံမပေါ်..

Your Father Is Also My DaddyWhere stories live. Discover now