"ဒီမှာ!..ဦးကိုထိဖို့စိတ်ကူးနဲ့တောင်မယဥ်ပါနဲ့!!"
"ဒီအရိုင်းအစိုင်းကတော့..Kim Taehyung!..မင်းပါအရိုင်းအစိုင်းဖြစ်ရုံနဲ့မရလို့အရိုင်းအစိုင်းကိုပါအိမ်ပေါ်ခေါ်တင်လာတာလား..ပုံစံကိုက ကနွဲ့ကလျနဲ့..ခြောက်နေတယ်ပေါ့လေ"
"ဒီမှာဗျ!..ကျွန်တော့်ကိုအဲ့လိုလာပြီးမဝေဖန်နဲ့"
"အဟက်!..အခြောက်ကိုခြောက်တယ်လို့ပြောတော့နာပြီပေါ့.."
Hoseokရဲ့စိတ်တွေတကယ်ကိုထိန်းမထားနိုင်တော့မျက်စိရှေ့ကဘိုးတော်ဟာလေတကယ့်ကိုတစ်မွှေးခြင်းနှုတ်ပစ်ချင်စရာ
"ဟို..ကျွန်..ကျွန်တော်.."
Taehyungဟာတုန်ရီနေတဲ့လက်တွေကိုထိန်းချုပ်ရင်း..
"ကလေး..ဦးစကားပြောပြီးလိုက်ခဲ့မယ်"
"ဦးး.."
Hoseokမသွားချင်တာကိုအမူအယာနဲ့ပြောတော့..
"သွားပါ.."
Hoseokလည်းTaehyungကအတင်းသွားခိုင်းနေ၍သာထွက်လာခဲ့သည်။Hoseokထွက်သွားတော့ဘဘကြီးဟာသူ့ရဲ့လက်ကိုင်တုတ်နဲ့Taehyungရဲ့ပုခုံးကိုအဆက်မပြတ်ရိုက်ကာ..
"မင်းပြော..ခွေးကောင်..မင်းဘာတွေလုပ်နေတာလဲ..ဘိုဟီးနဲ့ကွာရှင်းဖို့ကိုဘယ်သူ့စီကခွင့်ပြုချက်ရတာလဲ!?..ဒီခွေးကောင်ကတော့လုပ်ချင်တာတွေလုပ်နေတော့တာပဲ!!..ငါပြန်သွားတာဖြင့်ဘယ်ေလာက်မှမကြာသေးဘူး.."
Taehyungဒူးထောက်လျက်ဘာမှပြန်မပြောနိုင်..
"မင်းအဖေနဲ့အမေပြီးတော့မင်းညီမရဲ့သေဆုံးမှုကိုအခုလိုမျိုးကျေးဇူးဆပ်လိုက်တာလား..Kim Taehyung!!..မင်းကတကာ့်ကိုကံဆိုးတဲ့ကောင်ပဲသူတို့ကိုသတ်ရတာအားမရလို့အခုငါ့ကိုပါသတ်မလို့လား"
"..."
Taehyungစိတ်ထဲအမည်မသိခံစားချက်ကြီးကစို့နင့်တက်လာကာမျက်ရည်တွေအဖြစ်ပြောင်းလဲသွားသည်။
"မင်း Jungမျိုးရိုးနဲ့လုံးဝလက်မထပ်ရဘူး.."
"ဘ..ဘ..ဘဘကြီး!..ကျွန်တော်.."
ဖြောင်း!..
သူဟာTaehyungကိုပါးတစ်ချက်ရိုက်လိုက်ပြီး..