"ကလေး.."သူအိမ်ကိုပြန်ရောက်တာနဲ့အရင်ဆုံးခေါ်မိတဲ့နာမ်စားလးကအဲ့တာပါပဲ။
"ကျွန်တော်ဒီမှာပါ.."
မီးဖိုခန်းထဲကအသံထွက်လာတာမို့..သူသွားကြည့်တော့သူ့ရဲ့ကလေးကအေပရွန်ကြီးခါးမှာစည်းပြီးဟင်းချက်နေသည်တဲ့လေ..
"ဘာတွေလုပ်နေတာလဲကလေးရဲ့..အပူတွေလောင်ကုန်ဦးမယ်.."
သူပွက်ပွက်ဆူနေတဲ့အိုးကိုကြည့်ကာပြောလိုက်မိတယ်..။
"မပူပါဘူးဦးရဲ့..ဒါကလေဘဘကြီးအတွက်ကြက်ဂျင်ဆင်းလုပ်နေတာ..မြည်းကြည့်ပေးပါဦး"
ပန်းကန်လုံးလေးထဲဟင်းရည်အနည်းငယ်ခပ်ထည့်ပေးရင်းပြောလာတဲ့ကလေးကဟင်းရည်ပူနေလို့မှုတ်ဖို့ကိုလည်းမမေ့ဘူး..
"ဖြေးဖြေးမှုတ်ပါကလေးရဲ့..သတွေးတွေဝင်ကုန်မှဖြင့်.."
သူပြောလိုက်တဲ့စကားကြောင့်ယောက်ချိုကြီးကိုလက်ကမချခါးပေါ်ကိုလက်နှစ်ဖက်ထောက်လိုက်ရင်း..
"ဘာလဲ..ခင်ဗျားကကျွန်တော့်ကိုရွံလို့လား!"
ဒါလေးစလိုက်တာကိုအဖြစ်သည်းနေတဲ့ကလေးကဒေါသအိုးလို့ပြောရင်လည်းမကြိုက်ပြန်..
"ကလေးလေးကိုချစ်လို့စတာလေ.."
"ခင်ဗျားနော်ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့..ဟိုစဥ်းနီတုံးပေါ်တင်ထားတဲ့ဓားကခင်ဗျားအတွက်ဖြစ်သွားမယ်!.."
ပြောပြောဆိုဆိုနဲ့ဟင်းရည်အိုးကိုစူပုတ်ပုတ်မွှေနေတဲ့ကလေးကိုအနောက်ကနေဖက်လိုက်ရင်း..
"ကိုယ့်ယောက်ျားကိုယ်ဓားကျိန်းကျိန်းနေတယ်ပေါ့လေ.."
"ခင်ဗျားအပြောအဆိုမတတ်တာလေ.."
"အဲ့တာပဲ..အငယ်တွေမကောင်းဘူး"
"ကောင်းလားမေကာင်းလားခင်ဗျားသိမှာပေါ့.."
ကြည့်ပြောလေဆိုးလေမိုးလေကဲလေမန်းလေပြဲလေဆိုတဲ့စကားပုံကသူ့ကလေးအတွက်များချန်ခဲ့သလားအောင်မေ့ရတယ်
"ဘဘကြီးရောအခြေအနေဘယ်လိုနေသေးလဲ.."
"သူအဆင်ပြေတယ်လို့တော့ပြောတယ်.."