Part 8(U+Z)

310 44 5
                                    


"အားးးးး...ရူးတော့မယ်"

Hoseokကုတင်ပေါ်ဟိုလှိမ့်ဒီလှိမ့်လုပ်နေရင်းအသံထွက်ညီးညူမိတယ်

"ခင်ဗျားကြီးလူကိုတော်တော်ဒုက္ခပေးပါလား..တစ်ချိန်လုံးစိုးမိုးနေတာ..အရူးကြီး"

သူ့ရဲ့ဖုန်းကိုဖွင့်ကြည့်တော့Messageနဲ့တူသည်တစ်ခုမျှမတွေ့

"ဒီဘိုးတော်ကတော့လေ..စာလည်းမပို့ဘူး..လူကိုလက်ထပ်ခွင့်တောင်းပြီးဒီအတိုင်းထားသွားတယ်..တကယ်ပါပဲ.."

သူထိုသို့မကျေမနပ်ပြောဆိုရင်းဝရံတာဘက်ကိုထွက်သွားတော့ခြံထဲတွင်မွေးမြူထားတဲ့ခွေးကြီးတွေကိုမြင်​ပြီးမနေ့ကသူ့ကိုခြိမ်းခြောက်တဲ့ဘွားတော်ကိုသတိရသွားတယ်

Fleshback

အချိန်အားဖြင့်မနေ့က
ညနေခင်းအချိန်တွင်ဖြစ်သည်။

စားသောက်ဆိုင်အကောင်းစားကြီးကမြို့လယ်ခေါင်တည့်တည့်မှာရှိတာ

Hoseokဒီမှာထိုင်စောင့်နေခဲ့တာဆယ်မိနစ်​ေလာက်ရှိပြီသူ့ကိုတွေ့ဖို့ချိန်းထားတဲ့သူကတော့အခုထိရောက်မလာသေး..သူစောပြီးကြိုရောက်နေတာလားဆိုတော့မဟုတ်ဘူးသူတကယ်ဆိုအချိန်ကွက်တိကိုရောက်လာတာကိုတစ်ဖက်ကသူကတော့ရောက်မလာသေး

သူ့မျက်ခုံးတွေတွန့်ချိုးနေစဥ်ဆွဲ​ဆောင်မှုအားကောင်းတဲ့ရေမွှေးနံ့ကအနားကိုအရင်ရောက်လာသည်။ပြီးမှပြတ်သားတဲ့အသံထွက်လာပြီးသူ့ရှေ့တွင်ဝင်ထိုင်ကာ

"မင်းကJung Hoseokဆိုတာလား.."

"ဟုတ်ပါတယ်"

"တို့က မင်းအခုdating rumorsတွေထွက်နေတဲ့အမျိုးသားရဲ့မိန်းမပါ"

"ဪ.."

Hoseokမသိဟန်နဲ့အံ့ဩပြတော့ထိုမိန်းမကဒါကိုကြည်နူးနေဟန်..

"ကျွန်တော်နဲ့တွေ့ချင်တာက.."

"မောင်ကမင်းကိုအပျော်ကြံရုံပါပဲ..မင်းသိတယ်မှတ်လားအသက်ကြီးတော့အိမ်ကမိန်းမကိုငြီးငွေ့နေတာလေ..နွားအိုမြက်နုကြိုက်ဆိုတာမျိုးမင်းသိမှာပါဒါကမင်းနားလည်အောင်အရပ်သုံးစကားနဲ့ပြောတာ"

*ဦးကိုများ..ဒီမိန်းမကတကယ့်ကိုထောင့်မကျိုးတာ*

"အဲ့တော့အဒေါ်ကြီးကဘာဖြစ်ချင်လို့လဲ.."

Your Father Is Also My DaddyWhere stories live. Discover now