မနက်ခင်းအစောဘက်တွင်အိမ်ကြီးတစ်အိမ်လုံးပုံမှန်နေ့တွေလို့တိတ်ဆိတ်မြဲ။မနက်စာစားနေကြသည်ဆိုပေမဲ့ဇွန်းသံပန်းကန်သံတွေကိုတောင်မကြားရ။အေးစက်နေတဲ့လေထုကိုဘယ်သူမှမဖြိုခွဲရဲကြ။ကျောက်စိမ်းစားပွဲတွင်မနက်စာစားနေတဲ့လူသုံးယောက်သာရှိသည်။"အဟမ်း..မင်းတို့လင်မယားနှစ်ယောက်ကတကယ်ရောအဆင်ပြေကြရဲ့လား.."
"အဆင်ပြေပါတယ်ဘဘကြီး.."
"အ...ဆင်..ပြေပါတယ်.."
Taehyungရဲ့စိတ်ကိုအတတ်နိုင်ဆုံးထိန်းချုပ်ထားရသည်။
"အဆင်ပြေတယ်သာပြောတယ်..မင်းတို့ကဘာလို့အိပ်ယာခွဲအိပ်ကြတာလဲ..ခွဲအိပ်တော့လည်းအခန်းကတောင်တစ်ခန်းမြောက်တစ်ခန်း"
"ဟို..."
ဘိုဟီးဟာတမင်သက်သက်မျက်နှာငယ်နဲ့ပြောစရာစကားရှာနေတဲ့ပုံဟန်လုပ်တော့
"ကျွန်...တော်..က..ယားနာဖြစ်နေလို့..ဘို...ဟီး..ကိုကူးမှာစိုးလို့ပါ"
"ယားနာ?.."
"ဟုတ်ပါ..တယ်"
"ဟုတ်တယ်..ဘဘကြီး..မောင်ကယားနာဖြစ်နေတော့ကူးမှာစိုးလို့ပါ"
"ယားနာကဘယ်လိုဖြစ်ရတာလဲ.."
"ဟို....တစ်...ခါ...နယ်ဘက်ကို...အ..လုပ်ကိစ္စနဲ့သွား..တုန်းကမသန့်တဲ့ရေသုံးမိလို့ပါ"
"နောက်တစ်ခါသတိထား..အဲ့တာပျောက်ဖို့ဘယ်လောက်ကြာဦးမှာလဲ"
"မ...သိ...သေးပါဘူး..Doctor Kimနဲ့...ဆွေးနွေး...ရ...ဦးမှာပါ"
"ဟုတ်ပြီ.."
"ကျွန်....တော်မနက်စာ..စားလို့ပြီးပါပြီ..သွား...လိုက်ပါဦးမယ်"
"အင်း.."
"ကောင်းကောင်းသွားနော်မောင်.."
"အွန်း..."
Taehyungအတက်နိုင်ဆုံးပြုံးပြပြီးပြောလိုက်သည်။
.
.
ကျယ်ဝန်းလွန်းလှတဲ့ခြံထဲအဒေါ်တွေရဲ့အချစ်ခံJung Hoseokကတော့အိပ်စက်နေဆဲပင်"သားသားရေထတော့.."
"အိပ်ဦးမယ်ဗျာ..မနေ့ကမှခရီးကပြန်ရောက်တော့ပင်ပန်းလို့"