ညဘက်လူအိပ်ချိန်ဖြစ်ပြီးကမ်းခြေတွင်တော့မည်သူမျှမရှိတော့။သို့သော်ပင်လယ်ရေကအရောင်ပြန်ပြီးကမ်းခြေကအတော်အသင့်လင်းနေသည်။Hotelရဲ့VIP Roomထဲအခုချိန်ထိအလုပ်လုပ်နေသူ
ဒေါက်..ဒေါက်
"ဝင်ခဲ့ပါ.. "
တံခါးဖွင့်၍ဝင်လာသူကအခြားတော့မဟုတ်အတွင်းရေးမှူးနမ်
"ဥက္ကဌကြီး..."
"ဘာပြောစရာရှိလို့လဲအတွင်းရေးမှူးနမ်.."
"ဒီမှာပါဥက္ကဌကြီးအတွက်စာအိတ်တစ်ခုရောက်နေလို့ပါ.."
စာအိတ်ကိုကမ်းပေးလာတာမို့Taehyungလည်းစာအိတ်ကိုယူလိုက်ပြီး
"တာဝန်ပိုစေမိပြီ"
သူစိတ်ရင်းနဲ့အားနာစွာပြောတော့
"ဥက္ကဌကြီးက ကျွန်တော့်ရဲ့အလုပ်ရှင်ပါ"
Taehyungခေါင်းငြိမ့်ပြလိုက်ပြီး
"ဒါဆိုအတွင်းရေးမှူးနမ်အနားယူလို့ရပါပြီ"
သူပြုံးပြကာပြောတော့အတွင်းရေးမှူးနမ်လည်းထွက်သွားသည်။အတွင်းရေးမှူးနမ်ထွက်သွားပြီးတော့သူစာအိတ်ကိုဘေးမှာချထားလိုက်ပြီးလုပ်လက်စအလုပ်များကိုသာဆက်လုပ်နေခဲ့တယ်
အချိန်အတော်ကြာအောင်သူ့ရဲ့မပြီးဆုံးတဲ့အလုပ်တွေကိုလုပ်ခို့အပြီးမှာတော့သူဆိုဖာပေါ်မှီချပြီးအပျင်းကြောဆန့်လိုက်သည်။ပြီးတော့မှသူ့နဘေးတွင်ချထားတဲ့စာအိတ်ကိုသတိရ၍အသာအယာယူပြီးဖွင့်ကြည့်လိုက်တော်အထဲတွင်ပုံတသ်ချို့ပါသည်။သူထိုပုံတွေကိုကြည့်ကာအနည်းငယ်တော့ဒေါသထွက်မိပေမဲ့တုန်လှုပ်ခြင်းအရိပ်အယောင်တော့မပါ
"သူ့ကိုယူခဲ့မိလို့သားမှားလားမေမေ..မှားတယ်ဆိုရင်တောင်ဒါကမေမေတို့ရဲ့နောက်ဆုံးဆန္ဒမို့သားကျေနပ်တယ်"
သက်ပြင်းတစ်ချက်ချကာစာအိတ်နဲ့ထိုပုံတွေကိုစားပွဲပေါ်တွင်ထားခဲ့ပြီးလေညှင်းခံရန်ဝရံတာဘက်ထွက်လာခဲ့သည်။ပင်လယ်ဘက်ကတိုက်ခတ်လာတဲ့လေပြေအေးရဲ့အထိအတွေ့ကိုမျက်လုံးလေးမှိတ်ကာခံစားနေစဥ်ညနေပဓာတ်လှေကားထဲနွင်ရခံ့သည့်ရနံ့လေးကိုသူထပ်ရလိုက်သည်။ထိုရနံ့လေးကဆွဲဆောင်တယ်ချိုမြိန်တယ်cuteဖြစ်တယ်ပြောပြဖို့စကားလုံးတောင်မရှိဘူး