Part 6(U+Z)

302 35 6
                                    


"ဒီနေ့ scheduleရှိသေးလား"

"မရှိတော့ဘူး..ဒီမျက်နှာသစ်ဆေးကြော်ငြာရိုက်ပြီးရင်ပြီးပြီ"

"ဒါဆို..မနက်ဖြန်အတွက်ကရော"

"ရှေ့တစ်ခေါက်ကမင်းအနားယူချင်တယ်လို့အကို့ကိုပြောထားတယ်မှတ်လား.."

သူခေါင်းငြိမ့်ပြတော့

"အဲ့အဲ့ဒါအကိုမင်းအတွက်နားရက်ရအောင်လုပ်ပေးထားတယ်ကုမ္မဏီကလည်းမင်းကိုနားရက်သိပ်မပေးချင်ပေမဲ့သူတို့မင်းအတွက်scheduleတွေပြင်ပေးမယ်ပြောတယ်"

"ဆိုတော့.."

"မင်းတစ်ပတ်ကျော်ကျော်လောက်တော့နားရက်ရမယ်ထင်တယ်.."

"တစ်ပတ်လား.."

"ဟုတ်တယ်..အဲ့ဒီတစ်ပတ်တောင်ကုမ္မဏီနဲ့အကိုနဲ့ပေါင်းပြီးမနည်းညှိထားရတာ"

"ကျေးဇူးပါအကို.."

"ရပါတယ်.."

မန်နေဂျာအကိုရဲ့စကားကြာင့်သူ့ရဲ့ပါးချိုင့်တွေပေါ်နေအောင်ပြုံးလိုက်သည်။

"model Kim Namjoon ဒါရိုက်တာခေါ်နေပါပြီ"

"ဟုတ်ကဲ့.."

"ကောင်းကောင်းလုပ်ခဲ့.."

သူ့ကိုအားပေးတဲ့မန်နေဂျာအကိုကိုသူခေါင်းငြိမ့်ပြလိုက်သည်။

သူကနာမည်ကြီးထိပ်တန်းModelတစ်ယောက်လေသူကအမေရိကန်ကိုရီးယားကပြားပဲ။

"ကဲ!..ရှုတင်ပြီးပါပြီရေးးး"

(လက်ခုပ်သံများ)

အားလုံးလက်ခုပ်တီးပြီးပျော်ပျော်ရွှင်ရွှင်ပဲပစ္စည်းတွေကိုသိမ်းသူကသိမ်းနဲ့အလုပ်ရှုပ်ကြသည်။

"Namjoon"

"ဟုတ်ကဲ့..."

"ရှုတင်ပြီးပြီဆိုတော့ရှုတင်ကအဖွဲ့သားတွေနဲ့အမှတ်တရ..သောက်ဖို့.."

"ကျွန်တော်သွားမှာပါ.."

"ကောင်းတယ်..ဒါဆိုအခုကွန်ဒိုပြန်တော့မလား"

"ပြန်ကြမယ်လေ.."

သူ့ရဲ့လက်ကိုင်ဖုန်းကိုထုတ်ပြီးဖွင့်တောင်မဖွင့်ရသေးမန်နေဂျာအကိုနဲ့အတူအိမ်ပြန်ရန်ဖုန်းကိုဘောင်းဘီအိတ်ထဲပြန်ထည့်လိုက်သည်။

Your Father Is Also My DaddyWhere stories live. Discover now