Part 13(U+Z)

223 40 1
                                    


"ကလေး..အရမ်းမပြေးနဲ့ချော်လဲမယ်"

Taehyungတစ်ယောက်လေယာဥ်ကွင်းထဲပတ်ပြေးနေတဲ့သူ့ရဲ့ကလေးလေးကိုစိတ်ပူနေရပြန်ပါပြီ။
နောက်တော့လေယာဥ်ကွင်းထဲကအမျိုးသမီးရဲ့အသံကြောင့်သူတို့ထွက်ခွာမဲ့လေယာဥ်စီတက်လာခဲ့ကြသည်။သူတို့နေတဲ့နိုင်ငံမှာကလိင်တူလက်ထပ်ဖို့ခွင့်မပြုထားသည့်အတွက်သူတို့လက်ထပ်မှတ်ပုံတင်ရန်***နိုင်ငံကိုသွားနေခြင်းသာ..
စိတ်လှုပ်ရှား၍တစ်ညလုံးအိပ်မပျော်သည့်အပြင်လေယာဥ်ကွင်းထဲမှာပါဟိုပြေးဒီပြေးနဲ့ဆိုတော့မောသွားသည်ထင်..ညိမ်ညိမ်လေးအိပ်ပျော်သွားသည်။အိပ်ပျော်သွားတဲ့ကလေးလေးရဲ့ပါးကိုတစ်ချက်နမ်းလိုက်ရင်း..​အိပ်ပျော်နေသူလးကိုပြုံးပြုံးလေးကြည့်နေမိတယ်။တကယ့်ကိုချစ်စရာလေး..
.
.

ဆေးရုံကားသံတွေနဲ့ညံနေသည်။

"အရေးပေါ်လူနာ..လမ်းဖယ်ပေးကြပါ"

လူနာတင်လှည်းကိုတွန်းလာကြတဲ့သူနာပြုမလေးများ..Doctor Jinတစ်ယောက်အနားကိုအပြေးလာရင်း..တစ်ခြားဒေါက်တာတွေပါရောက်လာကြသည်။

"လူနာကဘာဖြစ်တာလဲ.."

"ယာဥ်တိုက်မှု.."

လူနာကိုကြည့်လိုက်တော့လည်ပင်းတွင်ဖန်ကွဲစကြီးကြီးတစ်ခုစိုက်ဝင်နေသည်။

"သူနာပြုPark..မဟုတ်ဘူး..သူနာပြုအရေးပေါ်ခွဲစိတ်ခွဲဝင်ဖို့ပြင်ဆင်ပါ"

Jiminအားတစ်ချက်ကြည့်ပြီးမှJinဟာတစ်ခြားသူနာပြုတစ်ယောက်ကိုပြောင်းကြည့်ရင်းထိုသို့ပြောလိုက်သည်။Jiminမျက်နှာအနည်းငယ်တော့ပျက်သွားရသည်။

Jiminခွဲစိတ်ခန်းရှေ့တွင်ထိုင်မရထမရဖြစ်နေသည်။တကယ်ဆိုသူဒီခွဲစိတ်မှုမှာပါရမယ်ဆိုပေမဲ့Doctor Jinကသူ့ကိုခွဲစိတ်ခန်းဝင်ဖို့လုံးဝသဘောမတူပါ..

"ကူညီဖို့တစ်ယောက်ယောက်လိုအပ်တယ်..."

အခန်းထဲမှထွက်လာတဲ့သူကထိုသို့ပြောတော့Jiminလည်း..

"ကျွန်..ကျွန်တော်.."

ခွဲစိတ်ခန်းရှေ့တွင်လည်းJiminတစ်ယောက်သာရှိပြီးဒါကိုနားလည်တတ်ကျွမ်းတဲ့သူလည်းဖြစ်နေတာကြောင့်Jiminကိုသာခွဲစိတ်ခန်းထဲခေါ်သွင်းလိုက်သည်။Jiminလည်းခွဲစိတ်ခန်းထဲကိုလိုက်ပါသွားရသည်။ကြည့်ရတာလူနာကအသက်လုနေရပုံပေါ်သည်။ပြီးတော့..

Your Father Is Also My DaddyWhere stories live. Discover now