မနက်ခင်းအစောဖြစ်၍နှင်းများကျနေသည်။
ဆေးရုံခန်းရဲ့ပြတင်းတံခါးတွေကိုပိတ်ထားဆဲသာ..အကြောင်းကတော့အခန်းထဲလေဝင်ရင်အေးမှာစိုး၍..
Hoseokဝရံတာတွင်အတွင်းရးမှူးနမ်နဲ့စကားပြာနေတဲ့ဦးကိုငေးကြည့်နေမိတယ်..ဦးကတကယ့်ကိုချောမောပြည့်စုံလွန်းတယ်..
သူဦးကိုငေးနေမိပုံများဦးအနားကိုရောက်လာတာတောင်သတိမထားမိပါ။
ဦးကအနားကိုရောက်လာကာနှာခေါင်းလေးကိုလက်ညိုးလေးနဲ့ဖွဖွထိကာ.."ကလေးလေး..ဘာတွေငေးနေတာလဲ"
"ဦးကို.."
"အဟား..ကလေးတော်တော်စကားတတ်တာပဲ"
"စကားတတ်တာမဟုတ်ပါဘူးဦးရဲ့..ကျွန်တော်ကတကယ်ပြောတာ"
"ဟုတ်ပါပြီဗျာ.. "
"ဦး..ဟိုလေ..ဒီကနေပြီးတော့အိမ်ကိုမဟုတ်ပဲလက်ဝှေ့ရုံကိုလိုက်ပို့ပေးပါလားဟင်"
"လက်ဝှေ့ရုံ?..ကလေးကဘာလုပ်ဖို့လဲ.."
"သူငယ်ချင်းတစ်ယောက်နဲ့တွေ့စရာရှိလို့ပါ.."
"ရတယ်လေကလေး..သူငယ်ချင်းနဲ့တွေ့တာကိုစောင့်ပေးမယ်"
"ရတယ်ဦး..ဟို..ဒီအတိုင်းလက်ဝှေ့ရုံပဲလိုက်ပို့ပေးပါ..သူနဲ့ကတွေ့တာကြာဦးမှာမို့လို့ပါ"
"ဟုတ်ပြီ..ဒါဆိုလည်းအဲ့ကိုပဲလိုက်ပို့ပေးမယ်"
"ကျေးဇူးပါ ဦး.."
နောက်တော့Taehyungကစားပွဲပေါ်တင်ထားတဲ့မာဖလာလေးကိုယူပြီးHoseokလည်တိုင်တွင်ခပ်ဖွဖွပတ်ပေးကာ..
"အနာကဘယ်လိုနေသေးလဲကလေး.."
"အဆင်ပြေတယ်ဦး..မနက်ခင်းဆိုတော့လှုပ်ရတာနည်းနည်းအဆင်မပြေရုံပဲ"
"နည်းနည်းပဲလား.."
"နည်းနည်းပဲဘာမှမဖြစ်ဘူးဦး.."
"ဒါဆိုလည်းဦးတို့သွားကြမယ်လေ.."
"ဟုတ်.."
အတွင်းရေးမှူးနမ်ကအရှေ့တွင်ကားမောင်းနေပြီးHoseokကတော့ဦးရဲ့ပုခုံးလေးကိုမှီကာကားနောက်ခန်းထဲမှထိုင်လိုက်လာသည်။Hoseokအိပ်ပျော်နေတော့အတွင်းရေးမှူးနမ်က..