𝐺𝑦𝑢𝐽𝑖𝑛23

508 57 2
                                    

Unicode.....

"မာမီ သားမာမီကိုပြောစရာရှိလို့ အန်တီယွန်းဟွာတို့အိမ်ကိုမာမီရောဒယ်ဒီရောလိုက်ခဲ့ပေးပါ့လား"

အစောကြီးမထတတ်သည့်သားက ဒီနေ့အစောကြီးထကာသူ့အားမနက်စာဝိုင်းပြင်ပေးထဲက သူမအံဩနေရတာဖြစ်၏။

"သားဒယ်ဒီရောလား ဘာပြောစရာရှိလို့လဲ"

"အဲ့ရောက်မှပဲသားပြောတော့မယ် သားကလေးလေးကိုသွားနိူးလိုက်အုန်းမယ်"

ယူဗင်းမာမီကိုပြောပြီးတာနဲ့ အပေါ်ထပ်သို့သာတက်၍ကလေးလေးကိုနိူးရတော့သည်။

.

"အိပ်ပုတ်လေးထတော့"

"ဟင့်အင်း"

"ထတော့အိပ်ပုတ်‌ေလးရဲ့"

"မထချင်သေးဘူး ကိုကိုကလဲအစောကြီးရှိသေးတာကိုဗျာ"

"မစောတော့ဘူး8နာရီတောင်ထိုးတော့မှာ ပြီးတော့ကလေးလေးနဲ့ကိုယ့်အကြောင်းကို ဒီနေ့မာမီတို့ကိုသတိပေးရမယ်လေ ကလေးလေးကလိမ္မာတယ်ထ"

ထိုအခါမှချက်ခြင်းပင်ကျုံးထလာသည့်ကလေးလေးက သူ့ကိုမျက်လုံးပြူးကြည့်နေသေးသည် ထိုသည်နှင့်။

"ကိုကိုဒီနေ့လား"

"အွန်းလေဒီနေ့ ကိုယ်ကတော့ရေချိုးပြီးပြီ ကလေးလေးရေချိုးတော့ထ"

ကလေးလေးကိုအိပ်ယာနိူးခြင်းအောင်မြင်တော့လဲ အိပ်ရာပေါ်မှထရသည်ကို ယူဗင်းပြောရသေးသည်၊ ဒါတောင်သူလုပ်သမျှကို လိုက်ကြည့်နေပြီး အိပ်ရာပေါ်ကမထသေး။

"အိပ်ချင်သေးလို့လား"

ကလေး‌ေလးကိုလှည့်၍မေးလိုက်တော့လဲ ချက်ခြင်းပင်ခေါင်းခါပြသေးသည်မို့။

"ရေသွားချိုးတော့လေ ကိုယ့်အပူအအေးစပ်ပေးထားတယ်"

"ကိုကို"

"ဗျာ့"

"လာခေါ်ပေး"

အိပ်ရာထပ်မှ လက်နှစ်ဖက်ကိုဆန့်တန်းကာ လာခေါ်ခိုင်းနေသည့်ကလေးလေးကို ယူဗင်းခေါင်းငုံ့၍သာပြုံးလိုက်ပြီး ကလေးလေးကိုသွားခေါ်ရတော့သည်။

"ချီ"

ပြောသလို ယူဗင်းကလေးလေးကိုချီ၍သာ ရေချိုးခန်းထဲပို့ပေးရသေးသည်။

အဆုံးမရှိသောချစ်ခြင်း {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑}Where stories live. Discover now