𝐺𝑦𝑢𝐽𝑖𝑛4

817 136 0
                                    

Unicode....

ရက်ပေါင်းများစွာကိုကျော်ဖြတ်ပြီး တစ်နှစ်တာဆိုသည့်စာမေးပွဲကြီးကို အောင်မြင်စွာဖြေဆိုပြီးပြီဖြစ်သည်။

"ကိုကို"

"ဟင်"

"မာမီလေးနဲ့ဒယ်ဒီလေးက ဘာအထိန်းမှတ်တွက်ပြင်ဆင်နေကြတာလဲ"

ခြံထဲမှာပြင်ဆင်နေကြတာတွေ့သည်နှင့် သူ့အားမေးလာသည့်ကလေးငယ်ကြောင့်။

"ကိုကိုကလေးကိုပြောစရာရှိတယ်"

"ဘာပြောမလို့လဲ"

"လာကိုကိုနဲ့အခန်းထဲသွားရအောင်"

သူ့လက်ကိုကိုင်ကာအပေါ်ထပ်သို့ ဆွဲသွားသည့်ကိုကိုနောက်ကိုသူယှက်ကန်ယှက်ကန်နဲ့ပင်ပါသွားရသည်။ အပေါ်ထပ်ကအခန်းထဲသို့ရောက်သည်နှင့် ကုတင်ထပ်သူ့အားထိုင်စေ၏။

"ကိုကိုနိုင်ငံခြားကို၂နှစ်လောက်သွားနေပေးရမယ်ကလေး"

"ဟင်"

မထင်မှတ်ထားသည့် ကိုကို့စကားကြောင့်သူအံ့ဩသွားရသလို မျက်လုံးပင်ပြူးကျယ်သွားရသည်။

"ကိုကိုဘာပြောလိုက်တာလဲ"

မယုံနိုင်သည်မို့သူထပ်မေးလိုက်တော့ ကိုကိုကသူ့၏ပုခုံးနှစ်ဖက်ထံလက်တင်လာကာ သူ့ကိုသေချာစိုက်ကြည့်လာပြီး။

"ကိုကိုဖွားဖွားဆီကို သွားနေပေးရမယ်"

ထပ်မံကြားရသည့်စကားကြောင့် ခန္ဓာကိုယ်ပင်အေးခဲတောင့်တင်းသွားသလို သူ့ခန္ဓာကိုယ်ကိုအလုပ်ပေးကာ လှုပ်လှုပ်ရှားရှားမလုပ်ဖြစ်တော့။

အရှေ့မှငြိမ်သက်သွားသည့်ကလေးငယ်ကြောင့် ကလေးစိတ်မကောင်းဖြစ်သွားသည်ဆိုတာသူသိသည်မို့ ကလေးငယ်၏ခန္ဓာကိုယ်လေးကို သူသိမ်းဖက်ထားလိုက်မိသည်၊ သူ့ကိုမနှစ်ကတည်းကအဖွားကသူနှင့်လာနေဖို့မာမီတို့ထံ ပြောထားသည်ကိုပင် သူအကြောင်းအမျိုးမျိုးပြကာတစ်နှစ်တာ ကလေးငယ်နှင့်အတူကုန်ဆုံးစေမိသည်၊
ဒီကလေးနဲ့အဝေးမှာနေဖို့ သူဆန္ဒမရှိတာကြောင့် အကြောင်းအမျိုးမျိုးပြခဲ့ပေမယ့် အခုအဖွားရဲ့ကျန်းမာရေးကြောင့်ဆိုသည်မို့ သူဟိုမှာပဲကျောင်းတက်ပြီးအဖွားနားနေပေးဖို့ သူသဘောတူလိုက်ရခြင်းပင်၊ ဆိုးလ်မှာဒယ်ဒီအလုပ်တွေကြောင့် မာမီနဲ့ဒယ်ဒီကအဖွားဆီကိုမသွားနိုင်သလို အဖွားကိုဒီကိုလာနေဖို့ပြောပြန်တော့လဲ အဖိုးခေါင်းချသွားသည့်နေရာမှာပဲ ခေါင်းချချင်တယ်ဆိုသည့်အဖွားရဲ့ဆန္ဒကြောင့်သူ့တို့ဘာမှမပြောလိုတော့။

အဆုံးမရှိသောချစ်ခြင်း {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑}Where stories live. Discover now