𝐺𝑦𝑢𝐽𝑖𝑛1

1.2K 149 4
                                    

Unicode....

"‌သေချာကိုင်ထားနော် ပြုတ်ကျကျန်ခဲ့မယ်"

စက်ဘီးပေါ်တက်တာနဲ့ သူ့အားလှည့်ကြည့်ကာပြောလာသည့်ကိုကိုကြောင့် ယူဂျင်းကိုကိုခါးကိုသာတင်းကြပ်စွာဖက်တွယ်ထားလိုက်သည်၊
သူနှင့်ကိုကိုသည်အသက်3နှစ်ပင်ကွာသည်ဖြစ်သည်၊ အခုလဲကျောင်းသွားဖို့ရာသူ့အားစက်ဘီးနှင့်တင်နင်း၍သူ့ကျောင်းကိုအရင်လိုက်ပို့စေသည်။

"ကျောင်းမှာရန်မဖြစ်ရဘူးနော် တစ်ခုခုဆိုကိုကို့အခန်းဘက်ကိုလာခဲ့ကြားလား"

"သိပါပြီလို့"

"အဲ့ဆိုကိုကိုသွားတော့မယ် လိမ်လိမ်မာမာနဲ့စာလိုက်ကြည့်နော်"

"ဟုတ်"

ကိုကို့ကိုပြုံး၍ လက်ရမ်းပြပြီးသည်နှင့် သူ၏မျက်နှာထားကိုပြင်ကာပင် အတန်းထဲသို့ဝင်လာလိုက်သည်။ သူသည်ကိုကိုနဲ့ပင်မဟုတ်ရင်ဘယ်သူကိုမှဂရုမစိုက်တတ်သလို ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်းနေတတ်သူတစ်ယောက်ဖြစ်သည်။

"ဟန်ယူဂျင်း"

စားပွဲခုံထပ်၌ခေါင်းစိုက်အိပ်နေသည့်သူအား‌ ဘေးနားကခေါ်လာသည့်မိန်းကလေးအသံကြောင့် ခေါင်းထောင်ပြီး အကြည့်စူးစူးဖြင့်ကြည့်ပေးလိုက်ကာ။

"ဘာကိစ္စလဲ"

အရူပ်ဇယားတွေသူမကြိုက်ပါ ခုခေတ်ကသူတို့အရွယ်လေးတင်တောင် မိန်းကလေးတွေဘက်ကစာပေး ဖွင့်ပြော လုပ်နေသည်ကြောင့် သူမိန်းကလေး‌တွေဆိုပို၍ဝေးဝေးရှောင်သည် ကိုကိုမှမဟုတ်ရင်သူတို့တွက်ပေးစရာနေရာမရှိသလို အချိန်လဲမရှိပါ။

"ဟို~~ဒါလေး"

သူ့စားပွဲဘေးတွင်ထားသွားသည့်မုန့်ဗူးတွေကြောင့် သူ့မျက်ခုံးတွေပင်ပင့်တတ်သွားရသည်။

"ဟျောင့် ရေခဲတုန်းဟန်ယူဂျင်းကို ကြိုက်တဲ့လူတွေကလဲများပါ့"

"ဟုတ်ပါ့ကွာ ကိုယ့်ကိုမတူသလို မတန်သလို ဆက်ဆံတဲ့ကောင်ကြ‌ စော်တွေဝိုင်းဝိုင်းကိုလည်လို့"

"မိန်းမတွေကလဲ ဒါနဲ့ပဲတန်တာပါကွာ ကိုယ့်ကိုသဲသဲလူပ်နေရင် အဖတ်မလုပ်ကြဘူး အချေတစ်လိုင်းနဲ့ဆိုသူတို့သဲသဲလူပ်နေရမှ"

အဆုံးမရှိသောချစ်ခြင်း {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑}Where stories live. Discover now