𝐺𝑦𝑢𝐽𝑖𝑛19

387 67 0
                                    

Unicode.....

ဖုန်းကိုဘောင်းဘီအိတ်ထဲထည့်လိုက်ကာ ယူဗင်းချက်ခြင်းပင် အခန်းအပြင်ကိုထွက်လာလိုက်‌တော့သည်။

"ဟဲ့သားဘယ်သွားမလို့လဲ"

အောက်ထပ်၌ဖိနပ်စီးနေရင်း လှမ်းမေးလာသည့်မာမီကို။

"ကလေးလေးတို့အိမ်ဘက်ကိုမာမီ"

"မှောင်နေပြီ‌ေလသားရယ်"

"ခဏလေးပါပဲမာမီ မကြာပါဘူး"

"အောက်လဲကြည့်လျှောက်အုန်းမြွေပါးကင်းပါးနဲ့"

"ဟုတ်"

မာမီကိုပြောပြီးတာနဲ့ ယူဗင်းအမြန်ပင် ကလေးတို့အိမ်ဘက်ပြေးသွားလိုက်တော့သည်။

"ကလေးလေး"

သူ့လဲအရောက် အိမ်ခြံတံခါးအားဖွင့်လာသည်မို့
ယူဗင်းအသာလှမ်းကြည့်မိတော့ ကလေးလေးပင်ဖြစ်နေသည်မို့ လှမ်း‌ေခါ်လိုက်တော့သည်။

"ကိုကို"

"ဘာဖြစ်လို့လဲ သွားအရမ်းကိုက်နေလို့လား"

"ဟင့်အင်း"

မျက်နှာလေးငြိုးနွမ်းနေသည့် ကလေးလေးကသူ့ကိုခေါင်းခါပြ၍ သူ့ရင်ခွင်ထဲဝင်လာသည်မို့ ယူဗင်းကြောင်တောင်တောင်လေးပင်ဖြစ်သွားရသည်။

"ကလေးလေး ဘာဖြစ်လို့လဲကိုယ့်ကိုပြောလေ ကိုယ်ဘာလုပ်ပေးရမလဲ"

ရင်ခွင်ထဲကသူ့ကိုခေါင်းကိုခါပြသည့်ကလေးလေးကြောင့် ယူဗင်း ကလေးလေး၏ကျောပြင်လေးကို ပြန်လည်ဖက်တွယ်ထားလိုက်မိတော့ ကလေးလေးကသူ့ကိုစကားစလာ‌တော့၏။

"ကိုကိုမာမီတို့ကသားကိုလေ"

"အွန်း ကလေးလေးကိုဆူလို့လား"

ထိုအခါတွင်တော့ သူ့ရင်ခွင်ထဲကထွက်လာသည့်ကလေးလေးကခေါင်းကိုအသာပင်ခါပြ၍ သူ့ကိုသေချာငေးကြည့်လာသည်မို့။

"သားကိုတစ်ခြားလူနဲ့ ကျောင်းပြီးရင် နေရာချပေးဖို့ပြောနေကြတယ်"

ကလေးလေးပြောလာသည့်စကားကြောင့် ယူဗင်းမျက်ခုံးပင်ပင့်တက်သွားရတော့သည်၊ မာမီတို့အန်တီလေးတို့က သူတို့နှစ်ယောက်ကိုဘာလို့အတင်းနေရာချပေးဖို့ပင်ပြောနေသည်ကိုတော့ ယူဗင်းနားမလည်တော့။

အဆုံးမရှိသောချစ်ခြင်း {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑}Where stories live. Discover now